'' တခေတ်....မင်း ခုထိ မအိပ်ရသေးဘူးမလား ''
ကမ္ဘာ ပြန်မလာတာ ခုနေ့နဲ့ဆို လေးရက်ရှိပြီ။ နေ့တိုင်း သူ့အား စိတ်မတိုတိုအောင် စတတ်သော သူ၊ ညတိုင်း သူ့ရင်ခွင်ထဲ အတင်းထည့်ဖက်ထားတဲ့သူ။ လွမ်းတယ်...ကမ္ဘာ။မင်း အဆင်ရော ပြေရဲ့လား။ငါ မင်းကို ပေးထားတဲ့ ဂတိအတိုင်း ကျောင်းကို ပိုင်ပိုင်တို့နဲ့အတူသွားတယ်။ ကျူရှင်ချိန်လဲ ပုံမှန်တတ်သလို...စာလဲ အရင်ကထက် ပိုကျက်နေမိတယ်။မင်းကိုလွမ်းတဲ့ စိတ်တွေ နဲနဲလောက် သက်သာသွားမလားဆိုတဲ့ အတွေးနဲ့ပေါ့။
စာကြည့်စားပွဲခုံပေါ် လက်ကို ခေါင်းအုံးလုပ်ပြီး လှဲနေတဲ့ တခေတ် ပုံစံလေးကြောင့် ပိုင်ပိုင် စိတ်မကောင်း။ ထမင်းစားရင်လဲ မသေရုံတမယ် စားနေသည့်ပုံစံ။ စာကတော့ အရင်ကထက် ပိုကျက်ကာ ခုလဲ ညကထဲက စာကြည့်စားပွဲမှာ ထိုင်နေသည့်ပုံစံဖြင့်။
'' တခေတ်...ကမ္ဘာက ပြန်လာမှာပါကွာ၊ မင်း ခုလိုပုံစံကို ကမ္ဘာမြင်ရင် စိတ်ကောင်းမှာ မဟုတ်ဘူး၊ မင်း သူ့ကို ယုံကြည်မှုနဲ့ စောင့်နေသင့်တယ်၊ စာလဲ ကြိုးစားရင်းပေါ့၊ ခုလို မအိပ်မနေ ကိုယ့်က်ိုကို ဖိအားပေးပြီး ကျက်နေတာက စာကျက်နည်းအမှန်မဟုတ်ဘူးလေ ကွာ.... ငါပြောတာ သဘောပေါက်တယ်မလား ''
'' ဟင့်...ငါ ကမ္ဘာ့ကို လွမ်းတယ်၊ သူ နေမှကောင်းရဲ့လား...ထမင်း ပုံမှန်စားရဲ့လား အီးဟီး...ငါ့ကြောင့် ကမ္ဘာ ခုလို နေနေရတာ...အင့်..အီးဟီး... ပိုင်ပိုင် ...ငါ ကမ္ဘာ့ကို အရမ်းလွမ်းတယ်... အီးဟီး ''
'' ငါ သိပါတယ် တခေတ်ရယ်၊ကမ္ဘာကလဲ မင်းကို အရမ်းချစ်တာပါ၊သူ ပြန်လာမှာမို့ မင်းက ကိုယ့်ကျန်းမာရေး ဂရုစိုက် ရင်း စာကြိုးစားရင်း သူ့ကို စောင့်နေသင့်တယ် ''
တခေတ် ကျောကုန်းအား ပုတ်ကာ အားပေးစကား ပြောနေသော ပိုင်ပိုင်တယောက်လဲ သူ့စိတ်ထဲတွင်တော့ တခေတ်လိုပဲ ကမ္ဘာက သူတို့ဆီ ပြန်လာ ဖို့က သေချာမှု မရှိနိုင်ဆိုသည့်အတွေးတွေ စိုးမိုးနေသည်။
ထိုစဥ် အိမ်ရှေ့က ကားဟွန်းသံ ကြားသည်နှင့် ထိုင်းမှိုင်းနေသော တခေတ်က စက္ကူစွန်လေးတခုလို လျှစ်ခနဲ အိမ်ရှေ့ကို ပြေးထွက်သွားသည်မို့ ပိုင်ပိုင်လဲ နောက်က လိုက်သွားလိုက်သည်။
YOU ARE READING
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Romance📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
