တခေတ် တယောက် အိပ်ယာနိုးလာတော့ သူ့တကိုယ်လုံး ရေဘဝဲလက်တံတွေနဲ့ အပတ်ခံ ထားရသလို ခံစားချက်ဖြင့် နိုးလာသည်။ စရိုက်ကောင် တယောက် တကယ်ပဲ တခေတ်အား လူသားဖက်လုံး လုပ်နေခြင်းသာ။ သူ့ခြေတံ ၊ လက်တံ အရှည်ကြီးတွေနဲ့ တခေတ်အား လှုပ်မရအောင် ပွေ့ဖက်ထားသော စရိုက်ကောင်။
'' အင့်...ကမ္ဘာထွန်းလင်း နိုးနေရင်... ဖက်ထားတာ ဖယ်တော့လေ ''
တခေတ် အိပ်ယာထရန်လုပ်တော့ စရိုက်ကောင်က တခေတ် လှုပ်ရှားလေ သူ့ခြေတံလက်တံတွေနဲ့ လှုပ်မရအောင် ပိုတင်းတင်းဖက်လေနဲ့ ။
'' ငြိမ်ငြိမ်နေလေ ဘာလို့လှုပ်ရွနေတာလဲ ခင်ဗျား ''
'' မင်းနော် မနက်မိုးလင်း နေပြီလေ ၊ မင်းလဲ အိပ်ယာထတော့ ''
'' ကျစ်.... စောသေးတယ် ''
'' ကမ္ဘာထွန်းလင်းနော်... ခုမနက် ငါ့ကို စျေးလိုက်ပို့ပေး၊ ထမင်းဟင်း အိမ်မှာပဲ ငါချက်မယ် ၊ ဝယ်စားတာက ငွေပိုကုန်တယ် ''
ဂျပုလေး စကားကြောင့် အိပ်ချင်စိတ်မပြယ်သေးသော ကမ္ဘာတယောက် မျက်လုံးတွေပင် ပွင့်သွားလေသည်။
'' ခင်ဗျား ထမင်းဟင်း ချက်တတ်တယ်လား ''
'' ချက်တတ်တယ်... ထ...အိပ်ယာထမယ် ''
အရမ်းတတ်ကြွနေသော ဂျပုလေးကြောင့် ကမ္ဘာပါ အိပ်ယာထရတော့၏။
တခေတ် ခြေထောက်က အရင်နေ့ကလို ရောင်မနေတော့ပဲ လမ်းလဲ လျှောက်နိုင်နေပြီဆိုတာ သေချာ စစ်ဆေးနေသော စရိုက်ကောင်။ သူကလေ တခါတလေ သူ့အပြောအဆိုကြောင့် တခေတ် ဒေါသထွက်စိတ်တိုရပင်မဲ့ တခါတလေ ခုလိုလေး အမှတ်မထင်စွာ ဂရုစိုက်တတ်တဲ့ အပြုအမူကြောင့် စရိုက်ကောင်က မျက်နှာနှစ်မျိုးနဲ့။ မနေ့ကမှ သိကြသူတွေဆိုပင်မဲ့ တခေတ်စိတ်ထဲ အနှစ်နှစ် အလ လ ခင်မင်ရင်းနှီးခဲ့သူတွေလို ခံစားချက်မျိုး ပေးစွမ်းသည့် စရိုက်ကောင်။
တခေတ်တို့ မျက်နှာသစ် သွားတိုက်ပြီးတော့ ၊ သူ မနေ့က ဝယ်ပေးသော အဝတ်တွေထဲမှ ဒူးတိုဘောင်းဘီအပြာလေးနဲ့ တီရှပ် အပြာစင်းလေးကို တခေတ် ရွေးဝတ်လိုက်သည်။ ကမ္ဘာထွန်းလင်း ကတော့... Hoodie အနက်ရောင် ခေါင်းစွတ်အပွကို skinny jean အပြာနုကို ဒူးနေရာတွင် ဖြဲထားသော ဒီဇိုင်းကို ဝတ်ထားပြီး နားတဖက်မှာလဲ နားကွင်းအနက်ရောင် သုံးကွင်း ဝတ်ထားပုံအရ နားပေါက်က သုံးပေါက်တောင် ဖောက်ထားတာ ။

VOCÊ ESTÁ LENDO
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Romance📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...