'' ငါ အပေါ့သွားလိုက်အုံးမယ် ''
မြန်မာစာ ဆရာမအား ခွင့်တောင်းကာ ကမ္ဘာ့အား ပြောလာသော ဂျပုလေးကို သူခေါင်းညိမ့်ပြလိုက်သည်။ မြန်မာစာအတန်းချိန် ကုန်ခါနီးပြီမို့ သူပြီးမှ လိုက်သွားမည်သာ။ ထင်မှတ်မထားစွာ ဂျပုလေးနဲ့သူ ချစ်သူတွေ ဖြစ်သွားသည်။ သူ့ရင်ထဲက ခံစားချက်တွေ အုံကြွအောင် လုပ်ပေးသော သကောင့်သား ပိုင်ပိုင်ကိုလဲ သူပြောရအုံးမည်။
မြန်မာစာချိန်ကုန်တော့ ခုံတဖက်စွန်းက ပိုင်ပိုင့်လက်မောင်းအား ကမ္ဘာ လက်သီးနဲ့ လှမ်းထိုးလိုက်တော့.... တဟားဟားရယ်လာသော ကောင်။
'' ခွေးကောင်....ဘာရယ်နေတာလဲ ''
'' ဟား ဟား....တခေတ်ကသာ မရိပ်မိတာ၊ မင်းလဲ မင်းစိတ်ကို သိပ်မရိပ်မိဘူးမလား၊အဲ့ကြောင့် ငါက လှော်ပေးတာ ဟားး ဟားး...မင်းတို့ ချစ်သူ ဖြစ်သွားပြီမလား ''
'' ဟုတ်တယ်.... ''
ရှုတည်တည် မျက်နှာနဲ့ ပြန်ဖြေသော ကမ္ဘာ့ ပခုံးအား ပုတ်ကာ ပိုင်ပိုင်က ငါသိနေတယ်ဆိုတဲ့ပုံစံနဲ့ ရယ်နေ၏။
'' ပိုင်....နင့်အသံရေပဲ၊ ဘာတွေ ရယ်နေကြတာလဲ ''
'' ဘာမှမဟုတ်ဘူး စံပယ်။ညနေ ကျောင်းဆင်းရင် ငါ ပြောပြမယ် ''
ပိုင်ပိုင်တို့အတွဲကို လျစ်လျူရှုကာ ဂျပုလေး အပြင်သွားတာ ကြာနေပြီမို့ ကမ္ဘာ ့ ယောင်္ကျားလေး အပေါ့သွားသည့် ဘက်ကို ထွက်လာခဲ့သည်။ သွပ်ပြားတွေနဲ့ ကာရံထားသည့် အပေါ့သွားခန်း ဘေးနားတွင် ဂျပုလေးအား ကျောင်းသား သုံးယောက်က ပိတ်ဆို့ကာ လှောင်ရယ်သံများ ကြားသည်မို့ ကမ္ဘာ့ ခြေလှမ်းများ မြန်ဆန်စွာနဲ့ ဂျပုလေးအနား သွားလိုက်သည်။
'' ဟေ့ကောင် ဘေထုပ် ၊ဘေထုပ်ကနေ ခု တခြားကောင်အိမ်မှာ ကပ်နေတဲ့ ဖားကပ်ဖြစ်သွားပြီလား... ဟားး ဟား ''
တယောက်က လှောင်ရင် ဘေးနှစ်ယောက်ကပါ ရယ်ကာ လှောင်ပြောင်နေသော မြင်ကွင်းကြောင့် ကမ္ဘာ ထိုကောင်တွေနား ရောက်သည်နှင့် သုံးယောက်လုံးအား တခွပ်ခွပ်မြည်အောင် လက်သီးနဲ့ ထိုးပလိုက်သည်။ မထင်မှတ်ထားသည်မို့ ယိုင်ထွက်သွားသော သူတွေက နှုတ်ခမ်းထောင့်မှ သွေးတွေအား သုတ်ကာ ကမ္ဘာ့အား ဝိုင်းထိူးလာကြသည်။ ကမ္ဘာကလဲ ဇကမသေး။ သုံးယောက်တယောက် လှော်နေ၏။
YOU ARE READING
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Romance📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
