Part 27🖤

36K 1.2K 54
                                        

'' ကိုကို....စာတွေကျက်ရတာ ကျွန်တော် ဂေါက်တော့မယ် ''

အလုပ်ပင်ပန်းပြီး နေမကောင်းချင်သလို ဖြစ်နေသည်ကြောင့် အိပ်ယာပေါ် လှဲနေသော နေထွန်းလင်း ရှိရာဆီ တတ်လာသော ဘုန်းခ။ နေထွန်းလင်း ခါးအား ဖက်ကာ ကြောင်ပေါက်လေးတကောင်လို ချွဲကာ ရင်ခွင်ထဲ ခိုဝင်နေသော ကောင်လေး။ ဆေးကျောင်း ပထမနှစ်မှာတင် လူကောင်ပိုထွားလာပြီး အရပ်ကလဲထပ်ရှည်လာသည်ကြောင့် ခုဆို သူ့ထက် ခေါင်းတလုံးစာမရှိတရှိ ကျော်ထွက်နေပြီ။ လူကောင်ကြီးနဲ့မှ မလိုက်.... ချွဲတတ်လွန်းသူ။

ဆယ်တန်းအောင်စာရင်း ထွက်သည့်ညမှာပဲ ဆယ်တန်းအောင်သည်ကို ဂုဏ်ပြုသဘောဖြင့် ချစ်တယ် ဆိုသည့်အဖြေ ပေးခဲ့သည်။ ဆယ်တန်းဂုဏ်ထူးထွက်တာထက်ကို သူအ​ဖြေပေးသည်အား ပိုပျော်နေလို့ နေထွန်းလင်း အံသြရသေးသည်။ ဆယ်ကျော်သက် အရွယ်မို့ စိတ်ကစားသည်ထင်မှတ်ခဲ့သော်လည်း ခုအချိန်ထိ ဘာမှလိုက်ထိန်းရသည်၊ ဘယ်သူနဲ့ သတင်းထွက်သည် ဆိုတာတွေမရှိပဲ အနေမှန်လွန်းတဲ့ ကောင်လေးက နေရှိရာအရပ်ကို မျက်နှာမူနေတဲ့ ​နေကြာပန်းနှယ်။ သူ့တမျက်နှာသာ ကမ္ဘာထင်နေသူ ။

'' ကောင်လေး အရမ်းပင်ပန်းနေရင် လက်လျှော့လိုက်၊တခေတ်လေးနဲ့ အဝေးသင်ပြောင်းတတ်ရင်တတ်လေ ''

'' ဟင့်အင်း... ကျွန်တော်က ဆရာဝန် ဖြစ်အောင်ကြိုးစားမှာ ကိုကို ''

ကောင်လေးရဲ့ နဖူးက ဆံသားလေးတွေကို ပွတ်သပ်ပေးလိုက်ပြီး

'' အရမ်းပင်ပန်းလာခဲ့ရင် လွှတ်ချဖို့ မမေ့နဲ့။ ကိုယ် မင်းကို တသက်လုံးမ​ကြောင့်ကြအောင် ထားနိုင်တယ် ''

သူ့အနား အမြဲရှိပေးကာ အားပေးတတ်တဲ့ ကိုကို့အား ဘုန်းခ ပိုပိုချစ်နေမိသည်သာ။ ကိုကို့ရင်ခွင်က သူ့အတွတ် အမြဲနွေးထွေးလျှက် ။

'' ကိုကို ချွေးမထွက်လို့ ဖျားချင်သလို ဖြစ်နေတာထင်တယ်၊ ကိုကိုလဲ ချွေးထွက်အောင် ၊ ကျွန်တော်လဲ ဥာဏ်ပွင့်သွားအောင် လေ့ကျင့်ခန်း လုပ်ကြမယ်လေ ကိုကို ''

'' ေကာင်လေး တနေ့ကပဲ နေပြီးပြီလေ ''

'' ကျွန်တော်က အချိန်တိုင်း ကိုကိုနဲ့ နေချင်တာ ''

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Donde viven las historias. Descúbrelo ahora