'' တခေတ်ရေ ၊ တခေတ်... ''
မနက်စာ စားပြီးလို့ စောင်တွေ ခေါင်းအုံးစွတ်တွေ လျှော်ရန် အခန်းထဲမှ သယ်ထုတ်လာသော တခေတ်တယောက် ဧည့်ခန်းထဲမှာ ပီကေဝါးရင်း ဖုန်းကြည့်နေသော စရိုက်ကောင်အား မျက်စောင်းထိုးကာ လျှော်မည့် ကော်ဘုံးထဲ စောင်တွေခေါင်းအုံးစွတ်တွေ ထည့်ထားလိုက်ပြီး၊ ခြံရှေ့ကို အပြေးသွားလိုက်ကာ
'' ပိုင်ပိုင်ရေ ၊ ငါလာပြီဟေ့... ''
တခေတ် ပိုင်ပိုင့်အား ပြုံးပြလိုက်ပြီး ခြံတံခါး အမြန်ဖွင့်ပေးလိုက်သည်။ ကျောင်းတတ်တာ တပတ်ကျော်မှ သူ့ဆီ ပထမဆုံးအလည်လာသော ပိုင်ပိုင်။
'' ရော့...အမေရယ် မင်းတို့အတွတ် ပဲပြုတ် ထည့်ပေးလိုက်တာ ''
'' အာ..အန်တီထွားကို ကျေးဇူးပါလို့... ဟီးး ''
'' မင်းရော ကမ္ဘာထွန်းလင်း နဲ့ နေရတာ အဆင်ပြေတယ်မလား ''
'' ပြေတယ်ကွ.....''
သူ သတိထားမိပါသည်။ သူ့ သူငယ်ချင်း လေး... အရင်ကဆို ပိုင်ပိုင့်ဘဝထက်ပင် ဆိုးသေးသည်။ ကျောင်းအဝတ်အစား ဝါကျင့်ကျင့်ဝတ်ရ၊ သူ့အဒေါ်က အလုပ်တွေ ခိုင်းလွန်းလို့ စာကျက်ချိန်တောင် မရသော သူငယ်ချင်း၊ ထမင်းချိုင့်အမြဲထုတ်ရပြီး ဟင်းဖြစ်ပြီးရော စားရတဲ့ တခေတ်က ခုတော့ အသားပိုဖြူလာပြီး ကိုယ်လုံးလေးကလဲ ပိုလုံးကစ်ကစ် ဖြစ်လာသည်။ အသုံးအဆောင် အဝတ်အစားကအစ အကောင်းစားတွေနဲ့ သန့်ရှင်းသပ်ရပ်နေသည်မို့ ပိုင်ပိုင် ေပျာ်ရပါသည်။ မိတ်ဆွေကောင်းတို့မည်သည် ကိုယ့်မိတ်ဆွေသူငယ်ချင်း ဘဝလမ်းတိုးတတ်ပြီး သာယာနေသည်ကိုသာ မြင်ချင်ကြသည်သာ။ သူလဲ တခေတ်အား ခုလိုလေး မြင်ချင်မိပါသည်။
ဂျပုလေး သူငယ်ချင်း ပိုင်ပိုင်ဆိုသော အကောင်ရဲ့ အသံကို ကမ္ဘာ ကြားသော်လည်း တမင် တံခါး သွားမဖွင့်ပေးလိုက်ခြင်းသာ။ ခုတော့ ဂျပုလေး အနားကနေ မျက်လုံးကျွတ်ထွက်မတတ် နူးနူးညံ့ညံ့ကြည့်ကာ အိမ်ထဲပါလာသော အကောင်ကြောင့် ကမ္ဘာဒေါသတို့ ထွက်လာသည်။ ကျောင်းပိတ်ရက်ကြီး ဘာကိစ္စ သူများအိမ် လာနေရတာလဲ မအေဘေး က။
ВЫ ЧИТАЕТЕ
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Любовные романы📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
