Part 11🖤

35.6K 1.5K 47
                                        

'' အစ်ကိုလေးကိုနေ.... စံအိမ်ရှေ့မှာ ဦးမင်းမာန်ရဲ့ သားငယ် စောင့်နေပါတယ် ခင်ဗျာ ''

အပြာရောင် ပိုးပုဆိုးနဲ့ ရှပ်အ်ိင်္ကျီအဖြူ ဝတ်ဆင်နေသော ကိုနေတယောက် အလုပ်သမားကောင်လေး လာပြောသည့် စကားကြောင့် အံသြသွားရသည်။ ဘုန်းခက ဘာလို့ရောက်နေတာပါလိမ့်။

'' ကိုယ် ခုထွက်လာမယ်လို့ ပြောလိုက်အုံး ''

'' ဟုတ်ကဲ့ အစ်ကိုလေးကိုနေ ''

အလုပ်သမားကောင်လေး ထွက်သွားသည်နှင့် ကိုနေ ဆံပင်အား ဂျယ်နဲ့သပ်တင်လိုက်ပြီး အောက်ထပ် ဆင်းလာခဲ့သည် ။ စံအိမ်ရှေ့မှာ ရပ်ထားတဲ့ ကားအနက်ကြီးဆီ သူသွားလိုက်ကာ

''ဘုန်းခ.... အိမ်ထဲလဲ ဝင်မထိုင်ဘူး ''

'' ရတယ် အစ်ကို ။အစ်ကို့ကိူ  လာခေါ်တာ ''

'' အစ်ကိုက မင်းတို့အိမ်ကို လာတတ်ပါတယ်ကွ။ တကူတကကြီး လာခေါ်နေတယ် ကောင်လေး ''

'' အိမ်က သတို့သားလောင်းကို လာကြိုခိုင်းလို့ပါ အစ်ကိုရဲ့။ နောက်ကျနေမယ်... သွားကြမယ် အစ်ကို ''

ကိုနေလဲ ကားထဲ ဝင်ထိုင်ပြီး လိုက်လာခဲ့သည်။ မာမီနဲ့ဒယ်ဒီကလဲ ပွဲကို ကြိုရောက်နေပြီဖြစ်ရာ သူသာ နောက်ကျနေခြင်း။

ဘုန်းခ ပိုးပုဆိုးအပြာလေးနဲ့ရှပ်အဖြူလေးဖြင့် သန့်ပြန့်ချောမောနေသော အစ်ကို့အား ငေးကြည့်ရင်း ချစ်ခြင်းတရားတို့က ပိုမိုယိုဖိတ်လာနေသည်။

'' အစ်ကို...စိတ်အရမ်းမလှုပ်ရှားနဲ့။ ရော့...ရေသောက်ထားအုံး။ စိတ်လှုပ်ရှားနေမှာစိုးလို့ ''

ဘုန်းခ ပေးလာသော ရေဘူးအား ကိုနေသောက်လိုက်သည်။ စိတ်လှုပ်ရှားလို့တေယ့မဟုတ်။ စိတ်ဖိစီးနေလို့သာ...မည်သူမဆို ကိုယ်ချစ်တဲ့သူနဲ့သာ ပေါင်းဖက်ချင်ကြသည် မဟုတ်လား။ နေထွန်းလင်း ဆိုသည့် သူလဲ ထိုသူတွေထဲက တယောက်အပါအဝင်ပေါ့။ ဆယ့်ခြောက်နှစ်ကောင်လေး မောင်းနေသည့်ကားပေါ် ထိုင်လိုက်ရသည်မို့ လမ်းကြောင်းကို ဂရုတစိုက် ကြည့်နေသော်လည်း တဖြည်းဖြည်း နဲ့ သူ့မျက်ခွံတွေလေးလာကာ အိပ်ချင်လာတော့သည်။ အတင်းပြူးပြဲကာ အရှေ့လမ်းကို ကြည့်မိတော့.... ဦးမင်းမာန်တို့ အိမ်ဘက် သွားသည့်လမ်း မဟုတ်တော့သည်မို့..

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) Место, где живут истории. Откройте их для себя