'' အချစ် မလာသေးဘူးလား....''
အိမ်ရှေ့က ဆိုင်ကယ်ပေါ်ကနေ အခန့်သား လှမ်းအော်နေသော ကမ္ဘာကြောင့် တခေတ် လက်ဆွဲခြင်းအနီလေး ဆွဲကာ ဖိနပ်အမြန်စီးပြီး သူ့ဆီ ပြေးရတော့သည်။
'' ဘာမှ ကူမလုပ်ပဲ...လှမ်းအော်ခေါ်နေတယ် ''
တခေတ် ဆိုင်ကယ်နောက်ကို တတ်လိုက်ရင်း ကမ္ဘာ့ကိုလဲ ပြန်ပြောလိုက်သည်။ ဆေးရုံမှာ သုံးရက်သာနေပြီး အဘိုးတို့က တပတ်လောက် ဆေးရုံတတ်နေအုံး ဆိုလဲမရ။သူ သက်သာပြီဆိုပြီး ဆေးရုံကနေ အတင်းဆင်းတော့သည်။ တပတ်စာလောက်ပြတ်သွားသော စာတွေကို အမြန်သင်ကာ တခေတ်နဲ့ပိုင်ပိုင်ကို မှီအောင်လိုက်နေလေသည်။ ဥာဏ်ကောင်းတဲ့သူတွေများကျ ဦးနှောက်က တော်တော်ဆန့်သည်ထင်ပ။
ခုနေ့က ကျောင်းပိတ်ရက်မို့ တပတ်စာအတွတ် လိုအပ်သည့် အသားငါးနဲ့ အသီးအရွက် အဝယ်ထွက်ခြင်းသာ။ ဆိုင်ကယ်မောင်းကြမ်းသော ကမ္ဘာ့ကြောင့် တခေတ်တယောက် သူ့အိင်္ကျီအနားစနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး မျက်လုံးမှိတ်ကာ လိုက်ပါလာခြင်း။
'' ကျုပ်ကို ဖက်ထားလေ။ ပြုတ်ကျရင် ကျုပ်က ပြန်မကောက်ဘူးနော် ခင်ဗျားကို ''
အချစ် လက်တုတ်တုတ်လေးနှစ်ဖက်အား သူ့ခါးအားတင်းတင်းဖက်ထားစေလိုက်သည်။ ကိုယ်လုံးအိအိလေးက သူ့ကျောပြင်နဲ့ လာကပ်သည်အထိ ဖက်ထားစေလိုက်သည်။
'' ကမ္ဘာ...ငါ့ပုံစံက ဖားကပ်လေးနဲ့ တူနေပြီ ''
တခေတ်လက်လေးအား သူ့ခါးထက် တင်းတင်းဖက်ထားစေသော ကမ္ဘာက တခေတ်အပြောအား မသိချင်ယောင်ဆောင်ကာ တခေတ်လက်လေးအား အတင်းဖက်ခိုင်းထားနေဆဲသာ။ စျေးထိပ်ရောက်သည်အထိ တခေတ်မှာ ဖားကပ်လိုပုံစံဖြင့် ပါသွားလေ၏။ ကမ္ဘာထွန်းလင်းတို့က ထိုကဲ့သို့ ဇွတ်တရွတ်နိုင်ပါ၏။
ဆိုင်ကယ် အပ်လိုက်ပြီး တခေတ်နောက်ကနေ ပါလာသော ကမ္ဘာကို မိန်းကလေး တွေက ငေးမြဲငေးဆဲ။ တခေတ်ဘာသာ တယောက်ထဲသွားရင် အရပ်ကလေးက သူ့ဟာနဲ့သူ ရှည်သလို ရှိသော်လည်း ကမ္ဘာနဲ့ ယှဥ်သွားလိုက်ရင်ဖြင့် သူ့ရင်ဘတ်လောက်သာ ရှိသောအရပ်က တခေတ်အား အောင့်သက်သက် ခံစားရစေသည်။ ဟွန့်...အရပ်ကိုက မိုးထိုးနေတာ ကမ္ဘာထွန်းလင်းတို့က။
ВЫ ЧИТАЕТЕ
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Любовные романы📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...