တခေတ်တို့နှစ်ယောက်ရဲ့ အိမ်လေးဟာ ညနေဆည်းဆာ နှင့်အတူ လူစုံတတ်စုံဖြင့် အသက်ဝင်နေသည်။သို့သော် တယောက်မှ စကားမပြောဖြစ်ကြပဲ တိတ်ဆိတ်စွာဖြင့် အလုပ်လုပ်နေကြသည်သာ။ မကုန်ဆုံးစေချင်တဲ့ အချိန်တွေက အကုန်မြန်သည်တဲ့။ တခေတ်တို့ ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုပြီးလို့ အောင်စာရင်း ထွက်သည့်အချိန်ကိုပင် ကျော်လာခဲ့ပြီ။
စာမေးပွဲ ဖြေစဥ်တလျှောက်မှာ ကမ္ဘာ့အမေက ထမင်းဟင်းချက်ပေးပြီး ကမ္ဘာ့အဖေက ကျောင်းအပို့အကြို လုပ်ပေးခဲ့သည်မှာ ကမ္ဘာနဲ့ မိဘမဲ့တခေတ်အတွတ် ပျော်ရွှင်ရသော အခိုက်အတန့်အမှတ်တရလေး ဖြစ်ခဲ့သည်။ ကမ္ဘာနဲ့ ဘုန်းခက ၅ဘာသာ ဂုဏ်ထူးထွက်ကာ ပိုင်ပိုင်က၂ဘာသာ ၊တခေတ်နဲ့စံပယ်က ၁ဘာသာ ဂုဏ်ထူးထွက်သည်။ နောက်တပတ်ထဲ US ကို ကမ္ဘာနဲ့ပိုင်ပိုင် သွားမည်မို့ တခေတ်ကလဲ ကမ္ဘာ့အိမ်မှာ သွားနေရမည်။ သူတယောက်ထဲ ဒီအိမ်လေးမှာပဲ ဆက်နေမည်ဟု ပြောသော်လည်း ကမ္ဘာက စိတ်မချဘူးဟုဆိုကာ သူ့အိမ်မှာ လိုက်နေဖို့ ဂျစ်တော့သည်။ လူကြီးတွေကို အားနာစရာကြီးဟုဆိုမိတော့ အဘိုးနဲ့သူ့အဖေကတဆင့် တခေတ်အား ထပ်ခေါ်ခိုင်းသည်။ ရွေးကောက်ပွဲ ထပ်အနိုင်ရသည်မို့ ကမ္ဘာ့အဖေက အလုပ်တွေရှုပ်နေသည်ဖြစ်ရာ တခေတ်ကြောင့်ထပ်အနှောက်အယှက် မဖြစ်ရအောင် တခေတ် သဘောတူလိုက်ရသည်။ ကမ္ဘာထွန်းလင်း တို့က ထိုသို့ ဇွတ်တရွတ်နိုင်၏။
စံပယ်ကလဲ သူ့သူငယ်ချင်းမတွေနဲ့ မုန့်ထွက်စားမည်ဟု သူ့အိမ်အား ပြောလာခဲ့ကာ တခေတ်တို့ဆီ ရောက်လာခဲ့သည် ။ မကြာမီ ခဏခွဲခွာရမည့် ပိုင်ပိုင့်ကို သူလဲ လွမ်းနေမှာပေါ့။ အစ်ကိုကြီးနဲ့ ဘုန်းခတို့လဲ ရောက်နေကာ သူတို့အတွဲနှစ်တဲွဲ ကြားက လေထုကြောင့် သူတို့လဲ တိတ်တဆိတ်နေပေးသည်ကို တခေတ်သတိပြုမိ၏။ တခေတ်ရဲ့ ကမ္ဘာထွန်းလင်းကတော့ ဘီယာဘူးတွေ စီနေလေသည်။ အစ်ကိုကြီး နဲ့ ဘုန်းခတို့က အကင်ကင်သည့်နေရာယူကာ တခေတ်နဲပိုင်ပိုင်တို့အတွဲက ဟော့ပေါ့ချက်နေခြင်းပင်။ အလုပ်မရှိအလုပ်ရှာ ဘီယာဘူးစီသည့်နေရာတွင် ကမ္ဘာထွန်းလင်းအား ထားရသည့် အကြောင်းရင်းမှာ အကင်လဲ မကင်တတ်၊အသီးအရွက် အသားငါး လဲမကိုင်တတ်မနွှင်တတ်သောကြောင့်သာ။
ВЫ ЧИТАЕТЕ
ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင် (Completed)
Любовные романы📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ်သွားတဲ့အထိ... ခင်ဗျားကို ချစ်ပြမယ် တခေတ်.... ကြယ်တခေတ် ဆိုတဲ့ လူသားဟာ ကမ္ဘာထွန်းလင်းဆိုတဲ့ ကျုပ်ရဲ...
