Part 25🖤

15.4K 840 50
                                    

ကားမှန်ချထားသည်ကြောင့် မိုးရွာကာစ မြေသင်းရနံ့ အေးအေးလေးကို တခေတ် သဘောကျစွာ ရှုရှိုက်နေမိသည် ။ မိုးရနံ့ပါသည့် လတ်ဆက်သည့် လေထုက မနက်စောစော ကော်ဖီဆိုင်ဖွင့်ရန် သွားနေသည့် တခေတ် စိတ်အစဥ်အား ကြည်နူးစေမိ၏။

၂နှစ်ဆိုသော အချိန်ကာလ တခုမှာ သူ့စိတ်ကူးအိမ်မက်လေး ဖြစ်တဲ့ အစုံရ ကဖေးဆိုင်လေး ကို အဘိုးဆီက အရင်းအနှီးနဲ့ ဖွင့်နိုင်ခဲ့တယ်ပေါ့။ ဆေးကျောင်းသား ဘုန်းခက သူတို့ဆေးကျောင်းနဲ့ တခေတ် ကဖေးဆိုင်က နီးတော့ သူ့သူငယ်ချင်းတွေကို ခေါ်လာလေ့ရှိပြီး အစ်ကိုကြီးကလဲ သူ့အသိမိတ်ဆွေတွေနဲ့ အပြင်မှာ ဆွေးနွေးစရာရှိရင် များသောအားဖြင့် သူ့ဆိုင်က VIP အခန်းမှာ ဆွေးနွေးလေ့ရှိတယ်ပေါ့။ မနက်စာ လုပ်ကျွေးတဲ့အတွတ် customer ကူရှာပေးတဲ့ လင်လင်နှစ်ယောက် ပေါ့။

တနှစ်တခါ ပြန်လာမယ်။အားတိုင်း အချစ်နား ပြန်လာခဲ့မယ်လို့ ဂျစ်တိုက်တတ်တဲ့ ကမ္ဘာထွန်းလင်း ( ခ) တချိန်က စရိုက်ကောင်လို့ အမည်ပေးခဲ့တဲ့ မောင်ကတော့ အရင်နှစ်က အလုပ်တဖက်၊ကျောင်းတဖက်နဲ့မို့ တခေတ်ဆီ ပြန်မလာနိုင်သေး။ ခု နှစ်လဲ အလုပ်မအားတာ မြင်မိတော့ ပြန်လာဖို့က မသေချာ။ တယောက်အနား တယောက်မရှိတာက လွဲရင် နေ့တိုင်း online ကနေ ရန်သတ်နိုင်သည့်စကေး သူတို့နှစ်ယောက်တွင် ရှိလေသည်။ စိတ်မတိုတိုအောင် စတတ်သော မောင်ကြောင့် တခေတ်မှာ ဘဲနှုတ်သီးလို စူထွက်သည့်အထိ နှုတ်ခမ်းစူကာ ကောက်ရစမြဲပါပဲ။ တနေ့ထက်တနေ့ ပုလုံးဖြစ်လာပြီး ရုပ်ဆိုးလာပြီလို့ စတာ ဘယ်သူကခံနိုင်မလဲ..သူ့အရပ်ကြီး ပိုရှည်လာတိုင်းကို ။ မောင့်အကြောင်း တွေးမိတိုင်း သူ့ကို ပြုံးရယ်စေမိပါသည်။

နေ့တိုင်း တခေတ် အလုပ်မသွားခင် မနက်ခင်းအချိန်တွေမှာ မောင်နဲ့ စကားပြောဖြစ်သည်။ ခုနေ့က ဖုန်းလဲမလာ ၊စာလဲမပို့သည်မို့ တခေတ် ဖုန်းလေးအား ခဏခဏကြည့်ဖြစ်ကာ စာဝင်မဝင် စစ်မိနေ၏။ အလုပ်ရှုပ်နေလားလို့ သူစာပို့ထားပင်မဲ့ အရင်ကလို ပြန်ဖြေမလာသည်မို့ ပိုင့်ပိုင့်ဆီ ပို့ကြည့်တော့လဲ စာပြန်မလာခဲ့။အစည်းအဝေး တတ်နေတာကြောင့် ဖြစ်ရမည်ဟု တွေးထင်ကာ နေမိသည်။

ကြယ်တခေတ် = ကမ္ဘာထွန်းလင်းအပိုင်  (Completed) حيث تعيش القصص. اكتشف الآن