" မြန်မာမေဂျာကို အသစ်ရောက်လာတဲ့ ဆရာမက ရုပ် ချောသလောက် အရမ်း မာနကြီးတယ်တဲ့။ "
"တခြားဘယ်ဆရာမ နဲ့မှ
မရောဘူးတဲ့။ သူနဲ့ သေသေချာချာ
စကားပြောဖူးတဲ့ ဆရာမ တောင် မရှိဘူးဆိုပဲ"ထိုသတင်းများသည် ဗန်းမော်တက္ကသိုလ်
တစ်ခွင်(မေဂျာ အတော်များများ) တွင် ဂယက်ရိုက်နေလေသည်။အထူးသဖြင့် တက္ကသိုလ် ကျောင်းသားများ ကြားတွင်ပေါ့။
ထိုဆရာမ၏ အလှဂုဏ်သတင်းနှင့်အတူ မာနကြီးသည် ဟူသော သတင်းကလည်း တောမီးပမာ ပျံ့လွှင့်လျက်။
" ဒီ ဗန်းမော်ကို မရောက်ခင် အရင် ဘယ်မှာ နေခဲ့လဲ မသိဘူး။ ပြောကြတာကတော့ ကျောင်းကနေတစ်နှစ် ပျောက်သွားသေးတယ် ဆိုပဲ။ ဒီနှစ်မှ အလုပ်ပြန်ဝင်တာ တဲ့"
နောက်ဆုံးမှ ကြားသိခွင့်ရသူက မေခန့်။
ခတ္တာကျော် ၏ ဆိုင်က ဝန်ထမ်းကောင်မလေးတွေထဲမှာ တက္ကသိုလ် တက်နေကြဆဲ ကျောင်းသူလေးတွေ ပါတာမို့ ခတ္တာကျော် ကနေ တစ်ဆင့် မေခန့် သိရခြင်းပါ။
"ဘာကြောင့်များ လူတွေက သူများအကြောင်းပြောရတာ ဝါသနာပါသလဲ မသိဘူးနော်"
တိုးဖွဖွ အသံဖြင့် တစ်ကိုယ်တည်း ရေရွတ်မိသည်။
ဖုန်း content ထဲက "မယု''လို့ ရိုးရိုးရှင်းရှင်း မှတ်ထားမိတဲ့ နံပါတ်လေးကို စိုက်ကြည့်မိလျက်သား။
ဒီအချိန် ကျောင်းမှာပဲ ရှိနေလိမ့်မည်။
စာသင်နေသလား။
နားချိန်များ ဖြစ်နေမလား။
ဖုန်းဆက်ကြည့်ချင်စိတ်က ထိန်းမရနိုင်အောင် ရုန်းကြွလာသည်။
ဆက်ပြီးရင်ရော..ဘာစကား ပြောရပါ့။
အတွေးတွေ မဆုံးခင်မှာပင် နေ့လယ်
တစ်နာရီ Alum မြည်လာသည်မို့ မျက်မှောင်တစ်ချက် ကျုံ့မိသည်။"ဟာ။ ဟုတ်သား ။ ဒီနေ့က first dayလေ"
Gym ကစားဖို့ ရက်ချိန်းယူထားသည်ကို
မေခန့် မေ့နေသည်ပဲ။Alum ချထားလို့သာ တော်သေးသည်။
ထုံထိုင်းနေသော စိတ်တို့ ချက်ခြင်းလွှင့်စင်သွားရကာ ခပ်မြန်မြန်ပင် အားကစားဝတ်စုံနှင့် ရေပုလင်း၊ ပုဝါ တို့ကို ထည့်ထားသော အိတ်ကို ယူပြီး click ဘီး အနက်ရောင်လေးပေါ် တက်ကာ ထွက်လာခဲ့လိုက်သည်။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....