Unicode 7

6.1K 529 7
                                    

မနက်ဖြန် ဘုန်းကြီးကျောင်းတွင်မေခန့်တို့ မိသားစု၏ ဆွမ်းပဒေသာပင်အလှည့်ကျနေ့။

မေခန့် ပါပါး၏ မွေးနေ့။

နှစ်စဉ် နယုန် လပြည့်နေ့တိုင်း ပဒေသာပင်
စိုက်ခဲ့တာ ယခုဆိုလျှင် ဆယ်နှစ်ခန့် ရှိပြီ။

ပါပါးနှင့် မာမားက ပဒေသာပင်အမှီ အိမ်ပြန်ရောက်လာကြပြီမို့ တစ်အိမ်လုံး ဆွမ်းကပ်ရန် လိုအပ်သည်များ ပြင်ဆင်နေကြခြင်းပင်။

" ပါး သမီးလေး။ သူငယ်ချင်းတွေကို ဖိတ်ဦးနော်။ တစ်ရက်တစ်လေ ဥပုသ်လေးဘာလေးယူကြ"

ဟုတ်သားပဲ။
ပါပါး ပြောမှပင် မယုကို ဖိတ်ဖို့ အတွေးပေါက်ရသည်။

" ဟုတ်ကဲ့ ပါပါး။ မေခန့် နဲ့ တလောလေးက ခင်သွားတဲ့ အစ်မတစ်ယောက် ကိုပါ ဖိတ်လိုက်မယ်နော်။ တက္ကသိုလ်က ကျူတာလေ။ ဒီရောက်လာတာ တစ်လ တောင်မရှိသေးဘူး"

မေခန့်၏ စကားကို ပါပါးက မျက်ခုံးတစ်ချက်ပင့်ကာ အံ့ဩဟန်ပြသည်။

တက္ကသိုလ်ဆရာမနဲ့ ဘယ်လိုခင်သွားရသလဲ
ဟူသော အကြည့်ဖြင့်ကြည့်သည်။။

မေခန့်က အဟဲ ခနဲ ရယ်ပြကာ ပါပါး၏ ခါးကို လှမ်းဖက်လိုက်ရင်း

" ပါပါး မြင်ရင် ချစ်မှာ သေချာတယ်သိလား။ မယုက တကယ်ချောတာ။ပြီးတော့တကယ့် ဣ‌န္ဒြေရှင်လေး။မေခန့်တောင် နည်းနည်းလန့်တယ်"

" ဟုတ်ပါပြီဗျာ။ ပါးသမီး ညွှန်းနေတာနဲ့တင်သိပါပြီ။ ကဲ။ အခု ဖိတ်မယ်ဆို သွားဖိတ်တော့။ ဖုန်းမဆက်နဲ့နော်၊ မရိုသေရာကျမယ် ။ အိမ်အထိ သွားဖိတ်လိုက်။ "

ပါပါး၏ စကားကို ခေါင်းတစ်ချက်ညိမ့်ပြကာ ချက်ခြင်းပင် ဆိုင်ကယ်ထုတ်၍ မယု၏အိမ်သို့ ထွက်လာလိုက်သည်။

စနေနေ့ ဖြစ်သည်မို့ မယု အိမ်မှာ ရှိလောက်မည်။

အိမ်ရှေ့ရောက်ချိန် ဆိုင်ကယ်ဟွန်း တီးကြည့်သော်လည်း ကြားဟန်မတူ။

ဖုန်းခေါ်ကြည့်ပြန်တော့ မကိုင်ပြန်။

ခြံတံခါးက အသာပင် စေ့ပိတ်ထားသည်မို့ ဝင်သွားရကောင်းနိုး တွေဝေမိသည်။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now