Unicode 11

5.8K 514 6
                                    


" မေခန့်နိုင်...နာမည်က မှန်တယ်ဟုတ်"

ချွဲတဲ့တဲ့ အသံနှင့် လေလှိုင်းတစ်ခုက မေခန့်အနားရောက်လာသည်မို့ သမင်လည်ပြန် လှည့်ကြည့်မိရသည်။

"ဪ။ မင်း..."

ယခင်နေ့က အိပ်မက်ဆိုးက ဖြတ်ခနဲ ခေါင်းထဲ ဝင်လာသည်။

ဝတ်လွှာဖြူ....။

" မတွေ့တာ ကြာသွားပြီ‌ နော်။ ဖြူက ခန့် နဲ့တွေ့ပြီးနောက်ရက်မှာပဲ ပြင်ဦးလွင် ခဏ သွားလိုက်ရတာလေ။ မှတ်မိပေးတာ ကျေးဇူးတင်ပါတယ်"

ပေါင်လယ်လောက်သာရှိ သော မီနီစကပ် အတိုလေးနှင့် crop top စိမ်းပုတ်ရောင်ကို တွဲဖက်ဝတ်ဆင်ထားသည့် ပုံစံက လွတ်လပ်ပေါ့ပါးစွာ။
ပြီးတော့ ခေတ်ရှေ့ပြေးလွန်းစွာ။

" မှတ်မိပါတယ်‌ ၊ ဝတ်လွှာဖြူ...ဟုတ်တယ်ဟုတ်"

" အဟင်း...။ တစ်မှတ်ပိုပေးမိပြန်ပြီ။ ဖြူကတော့ မေခန့်နိုင် ဆိုတဲ့ နာမည်ကို မရရအောင်စုံစမ်းလိုက်ရတာ။ ရှင်က နာမည်မပြောသွားဘူးလေ။ ထိုင်မယ်နော်"

မေခန့်က ယောဂ ဖျာပေါ် ခြေဆင်းထိုင်ထားသည်မို့ သူကလည်း မေခန့်နံဘေးမှာပင် ခပ်တည်တည် ဝင်ထိုင်သည်။

" ကမ်းလှမ်းထားတာ အခုထိ မစဉ်းစားပေးသေးဘူးလား T _chal ကြီးရယ်"

" အာ...။  မဖြစ်နိုင်လောက်ဘူး ထင်ပါတယ် ဖြူရဲ့။ မေခန့်က သီတင်းကျွတ်ကို ခရီးထွက်ဖို့ရှိသေးတယ်လေ။ အားနာပေမဲ့ ငြင်းရမှာပါပဲ"

ဒူးတစ်ဖက်‌ပေါ် လက်တင်ကာမေခန့်ကို ဘေးတစောင်း ကြည့်နေသော ဝတ်လွှာဖြူ ကြောင့် အနေခက်လာရသည်။

ကျောင်းတုန်းက သူငယ်ချင်းအတွဲတွေ အချင်းချင်းကြည့်ကြသလို အကြည့်မျိုးနဲ့ တောင် ခပ်ဆင်ဆင်။

မဟုတ်သေးပါဘူး... ။
ငါဘာတွေ တွေးနေပြန်တာလဲ။

" အဲ့ဒီနေ့က ခန့်နဲ့ဖြူ စကားပြောနေတုန်း ဖုန်းခေါ်လာတဲ့ အစ်မကြီးက မေခန့်ရဲ့ အစ်မလား"

" ဟင်....ဪ...မယု ကိုပြောတာလား"

" အင်းလေ။ ဖြူ ကြားလိုက်ရသားပဲ။ သိမ်တော်ကြီးသွားမယ် ဆိုလား"

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now