Unicode•• 9

6K 527 5
                                    

~~~
" Coffee သောက်မယ်မလား မယု။ခါးဆိမ့် ဖျော်ပေးမယ်နော်"

အသာအယာ ခေါင်းညိမ့်ပြသော မယု၏ နှုတ်ခမ်းပါးတွေက အနည်းငယ် တုန်ရီနေသယောင်။

ဝတ်ထားသည့်  အဖြူရောင် ဝတ်စုံက ရေစိုသဖြင့် ခန္ဓာကိုယ်နှင့် ကပ်နေကာ အတွင်းမှ အသားစိုင်တို့ကို ထွင်းဖောက်မြင်နေရသည်။

ဆက်တီခုံပေါ် ကျုံ့ကျုံ့လေး ထိုင်ကာ ခေါင်းတစ်ခုလုံးစိုရွှဲနေသဖြင့် ထုံးထားသော ဆံထုံးကို အသာအယာ ဖြည်ချနေသော မယု။

တံတွေးတစ်ချက် အလျင်အမြန်မြိုချပြီး
မီးဖိုခန်းထဲ လှမ်းဝင်ခဲ့လိုက်ရသည်။

အခုအခြေအနေက ဘယ်လိုကြီးလဲ။

မေခန့်နိုင်ရဲ့ သမာဓိအားကို နတ်ဒေဝတာတွေက စမ်းသပ်နေကြတာများလား။

အတွေးထဲ ကစဉ့်ကလျား ဝင်ရောက်လာပြီ ဖြစ်သည့် အတွေးတို့ကို ခပ်မြန်မြန် ဖယ်ထုတ်နိုင်ဖို့ ကြိုးစားပစ်ရသည်။

မပစ်မှားနဲ့။
ငရဲကြီးလိမ့်မယ်။

အကျဲမှုံမှုံ သောက်နေကျ coffee အမှုန့်ထုတ်ထဲမှ နှစ်ဇွန်းခန့် ယူထည့်ကာ သကြားနည်းနည်းဖြင့် ဖျော်လိုက်သည် ။

အရသာက အချိုမကြိုက်သော မေခန့်အတွက် အနေတော်ပင် ဖြစ်သည်မို့ တစ်ချက်ပြုံးလိုက်ရင်း ဧည့်ခန်း ဆက်တီဆီ သယ်လာခဲ့တော့သည်။

" မိုးက စဲမဲ့ပုံ မပေါ်ဘူး မယု။ အရမ်းအေးနေတယ်မလားဟင်။ ဖြစ်နိုင်ရင်...ဟို... မေခန့်ရဲ့ T shirt ဖြစ်ဖြစ် လဲဝတ်လိုက်ပါလား"

မေခန့်၏ စကားကို ငြင်းမည်ဟု ထင်လိုက်သော်လည်း မယုက တစ်စုံတစ်ခုကို တွေးမိ လိုက်ဟန်ဖြင့် သက်ပြင်းအသာချကာ

" မင်းအလှည့်တုန်းက ငြင်းပေမဲ့ တို့က မငြင်းတော့ပါဘူးနော်။ ဖြစ်တယ်မလား"

" အာ။ မယုကလည်း.....။ ဒါဆို အပေါ်က မေခန့် အခန်းထဲ သွားရအောင်လေ"

Coffee ခွက်ကို လက်နှစ်ဖက်ဖြင့် ပူးကပ် ကိုင်ကာ မေခန့်နောက်က တိတ်တဆိတ် လိုက်လာသော မယုကြောင့် ဝုန်းဒိုင်းကြဲနေသော ရင်ခုန်သံများကို ထိန်းချုပ်ထားရသည်။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now