Unicode 30

6.6K 460 21
                                    

၃၀

" အဲ့ဒါ မယုအပြစ်မှ မဟုတ်တာ မာမားရယ်"

ထိုစကားတစ်ခွန်းကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေမိသည်မှာ ဘယ်လောက်ကြာပြီမသိ။

မာမားက ဘာမှ ဆက်မပြောလိုတော့ဟန်ဖြင့် သက်ပြင်းချကာ ဧည့်ခန်းထဲမှ ထွက်သွားသည်။

မေခန့်တစ်ယောက် ဆက်တီခုံပေါ် ထိုင်နေတာ နာရီဝက်လောက်တော့ရှိပြီထင်ပါသည်။

ခေါင်းထဲမှာ အရာရာသည် ဗလာအတိ။
ဘာလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ၊ ဘာဆက်လုပ်ရမလဲ။

ဒေါ်လင်းယုနွယ် ဟူသော အမျိုးသမီးနှင့် အဆက်သွယ်မရတာ တစ်ပတ်တိတိ။
နေ့တိုင်းလိုလို အိမ်ရှေ့ သွားစောင့်ကြည့်မိတာ တစ်ပတ်ပြည့်တဲ့နေ့မှာတော့ မာမားက ပြောလာခြင်းပင်။

သမီးသဘော လို့ လွှတ်ထားခဲ့ပေမဲ့ ဒီလို စရိုက်မကောင်းတဲ့ အမျိုးသမီး နဲ့တော့ ရှေ့ဆက်ဖို့ စိတ်မကူးနဲ့ တဲ့လေ။

စိတ်ထားနူးညံ့ပြီး စကားနည်းသည့် မာမားဆီက ထိုစကားကြောင့် မယုနှင့် ဘယ်လောက်တောင် မပတ်သက်စေချင်သလဲ ဆိုတာ တွေးကြည့်ရုံနဲ့ မေခန့် သိလိုက်ရသည်။

ဝတ်လွှာဖြူ နှင့် ထိုပြဿနာ ဖြစ်ပြီး နောက်ရက်မှာ ကျောင်းကို ထပ်သွားတော့ မယုက မရှိတော့။

လစာမဲ့ခွင့် တင်သွားသည် ။ ဘယ်ကို သွားသလဲ မသိပါ တဲ့။

လင်းယုနွယ် လို မိန်းမ ဟာ သိပ်ကို သန်မာပါသည် လို့ လက်ခံထားတဲ့ မေခန့်နိုင်အဖို့ ယခု အဖြစ်အပျက်တွေက သွေးပျက်စရာ။

သီတင်းကျွတ် ပိတ်ရက်မှာတောင် ဇာတိမပြန်တဲ့ မယုက အခု ဘယ်နေရာရောက်နေပါသလဲ။
ဘယ်နေရာမှာ လိုက်ရှာရမလဲ။

" သမီး အခုလို ဖြစ်နေတာကို ဆရာမ သိရင်ရော....သဘောကျမယ်ထင်လား"

ပါပါး​၏ စကားသံက အသက်မပါစွာ ဖျော့တော့လျက်။
မယုကို သံယောဇဉ်ရှိသော ပါပါးအဖို့လည်း မယုံနိုင်စွာ စိတ်မကောင်းဖြစ်၍ ဝမ်းနည်းနေမည်သာ။
ဘာမှ မတတ်နိုင်တဲ့ အခြေအနေလား။
ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းက တစ်ခုလေးတောင် မရှိတာလား။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now