Unicode 22

6.1K 509 10
                                    

" ဆရာမ က သီတင်းကျွတ် ပိတ်ရက်မှာ ဇာတိ ပြန်မှာလား"

" ဟင်.... ရှင်... ဟုတ်ကဲ့"

မေခန့်၏ အဖေ မေးလိုက်သည့် စကားကြောင့် ရေနွေးခွက် ကိုင်ထားရာမှ အမူအရာ ပျက်မသွားအောင် သတိကြီးကြီး ထားလိုက်ရသည်။

ဇာတိ ဟုဆိုသော်လည်း တကယ်တမ်း ပြောရရင်ရေရေရာရာ မရှိလှ။
အင်းလေ.... ဇာတိ ဆို ဇာတိပေါ့။

" မဟုတ်ရင်လည်း ကျောင်းမှာပဲ နေဖြစ်လောက်ပါတယ်။ ကျွန်မ မိဘတွေလည်း မရှိတော့ ဘာမှ ထူးမသွားပါဘူးလေ"

စကားကို မလျော့မတင်းသာ ပြောလိုက်ရသည်။
အသံတို့ ပျက်ယွင်းမသွားအောင် ထိန်းချုပ်ထားရသည် ။

" ကျောင်းမှာပဲ နေမယ်ဆိုရင်ဖြင့် မေခန့်နဲ့ မြို့သစ်ကို လိုက်လည်ဖို့ ပြောချင်လို့ပါဗျာ။ အရင်နှစ်တွေက ကျွန်တော်တို့ ပါပေမဲ့ ဒီနှစ်က အလုပ်ကိစ္စတွေ ဖြတ်မရလို့လေ။ သူတစ်ယောက်ထဲ ပြန်မှာဆိုတော့ ဆရာမလည်း ပိတ်ရက် အပျင်းပြေပေါ့ "

ပန်းကန်ဆေးသည့် နေရာတွင် ဝင်ကူနေသော မေခန့်ကိုတစ်ချက်လှမ်းကြည့်မိရသည်။
တစ်ဖက်ကနေလည်း ဦးမျိုးထက်ကို မျက်နှာပူပြီးရှက်လှပြီ။

သိနေခဲ့တယ် မဟုတ်လား။
ဒီ သားအဖ ဟာ လိုက်လည်း လိုက်ဖက်လွန်းကြသည်။

" ဟုတ်ကဲ့....၊ ကျွန်မ...."

" ဆရာမ အဆင်ပြေတယ် ဆိုရင် ပြောတာပါ။ တစ်ခါထဲ ဟိုက သူ့အဖွားတို့နဲ့လည်း ရင်းနှီးပြီးသား ဖြစ်အောင်ပေါ့။ မေခန့်က ဒီကိုမလာခင်ကတည်းက ပြောဖူးလို့လေ။ မြို့သစ်ကို ခေါ်လည်ချင်တယ် ဆိုပြီး "

ခေါင်းကိုသာ အသာအယာ ငြိမ့်ပြမိသည်။
လူကတော့ဖြင့် အငွေ့ပျံပြီး ပျောက်သွားလိုက်ချင်ပြီ။

" ဒကာမျိုးထက်...။ ဆရာတော် ခေါ်နေတယ်"

ဦးမျိုးထက် ထ သွားကာမှ သက်ပြင်းကို ခပ်ဖွဖွ ရှ်ိုက်ထုတ်မိသည် ။
မျက်နှာ ပူလိုက်တာ တကယ်ပါပဲ။
မေခန့်နိုင်ကတော့ ဘာမှ သိမည့်ပုံ မပေါ်။

ယောက္ခထီးနဲ့ စကားထိုင်ပြောရတာ ဘယ်လိုတောင်ဇောချွေးပြန်ရသလဲ။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now