Unicode -31 ( End)

7.1K 363 18
                                    



" ပါပါး ဆိုလိုတာက...."

မေခန့်ရဲ့ အမေးကို ပါပါးက ခေါင်းတစ်ချက် ညိမ့်ကာ ပုခုံးတွန့်ပြသည်။

ကန်ပတ်လမ်းမှာ စက်ဘီးကို အပြင်းနင်းခဲ့ပြီးနောက် အိမ်ရောက်တော့ ရေချိုးခေါင်းလျှော်ကာ ခေါင်မိုးထပ်ပေါ် ထိုင်ရင်း ဒေါသစိတ်တို့က မပျောက်သေး။

အချိန်က ညနေ (၆) နာရီ ကျော်ပြီ။

ဆောင်းကုန်ခါနီး အချိန်မို့ ပြည့်ပြည့်ဝဝမမှောင်သေးဘဲ ကောင်းကင်အရောင်က မှိန်ဖျဖျ လင်းနေသေးသည်။

ထိုအချိန်မှာပင် ပါပါးက ခေါင်မိုးထပ်ကိုတက်လာပြီး အကြောင်းစုံကို ပြောပြခဲ့ခြင်းပါ။

ပါပါးကရော ဘယ်ကနေ သိတာလဲ။
ပြီးတော့ ဝတ်လွှာဖြူကရော ဒီကြားထဲ ဘယ်ရောက်သွားတာလဲ။

အကြောင်းစုံကို သိပြီးသွားပေမဲ့ မေခန့်နိုင်အတွေးထဲက မေးခွန်းတွေက မကုန်ခမ်းနိုင်သေး ။

" ဦး ရဲထက်ထွန်းနဲ့ ဝတ်လွှာဖြူ ရဲ့ ဦးလေး နိုင်စိုးနဲ့က ငယ်သူငယ်ချင်း တဲ့"

" နိုင်စိုး.......။ မေခန့် သွားနေတဲ့ Gym ခန်း ပိုင်ရှင်လား"

" ဟုတ်တယ်လေ။ ဒါကြောင့် ဝတ်လွှာဖြူ အနေနဲ့ အထူးတလည် စုံစမ်းနေဖို့မလိုအောင် သိနိုင်တာပေါ့"

" ဒါဆို....."

" ပြီးတော့..... ဒီကိစ္စ တွေကို ဆရာမ က ပါပါးကို လာပြောပြသွားတာ"

" ဘ.....ဘယ်လို......"

" သမီးရဲ့ မာမားကိုရောပေါ့...."

တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပေမဲ့ ဒီစကားတစ်ခွန်းကို ကြားလိုက်ရချိန်မှာတော့ မေခန့်နိုင် အံ့သြတကြီး တုန်လှုပ်သွားရသည်။

မယုက တဲ့။
ပါပါးတို့ကို လာပြောပြသွားတာ မယု ကိုယ်တိုင်တဲ့။

ဘုရားရေ။
လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲ။

အထင်သေးတာ မဟုတ်ပေမဲ့ လင်းယုနွယ်ဟာ စိတ်ဓါတ်အရာမှာ ဘယ်လောက်ကြံ့ခိုင်တဲ့ လူစားမျိုးလဲဆိုတာ မေခန့်နိုင် တကယ်ကို မေ့လျော့နေခဲ့တာပဲ။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now