Unicode 6

6.5K 537 11
                                    

လင်းယုနွယ် ....
ဘဝမှာ အမြဲတစေ ကံဆိုးမှုတွေကိုသာ ရင်ဆိုင်ခဲ့ရတဲ့ မိန်းမတစ်ယောက်။

ကိုယ့်ဘဝကိုယ်မကျေနပ်မှုတွေ၊ လောကကြီးကို အဆိုးမြင်မှုတွေ နဲ့ ပြည့်နှက် နေတဲ့ မိန်းမ
တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တဲ့ ဒီလိုမိန်းမမျိုး။

လင်းယုနွယ်ရဲ့ အတိတ်အကြောင်းဟာ ‌ပြန်လှန် တွေးချင်စရာမရှိလောက်အောင်ရုပ်ဆိုးလွန်းပါပေသည်။

ဘဝမှာ လုံးဝ မစဉ်းစားချင်တော့အောင်
စိတ်ပျက်ပြီး ကြောက်ရွံ့မိတဲ့ အကြောင်းအရာကို ပြောပါ ဆိုရင် " အချစ်" လို့ ခပ်ဖွဖွ ရေရွတ် မိလိမ့်မည်။

ဘယ်ကတည်းက တွေးမိနေတဲ့ အတွေးတွေလဲ။

အချစ်နဲ့ တည်ဆောက်ခဲ့ကြသည် ဆိုသော မိဘနှစ်ပါး၏ တစ်ခဏတာ  အိမ်ထောင်ရေး ကြောင့်လား။

သို့တည်းမဟုတ် ....
အားကိုးတကြီး ဖမ်းဆုတ်မိကာမှ အပေါစားဆန်စွာ လွှတ်ချခံခဲ့ရသည့် ရယ်ဖွယ်ရာ အဖြစ်အပျက်တွေကြောင့်လား။

လင်းယုနွယ် ဆိုတဲ့မိန်းမဟာ လက်ကျန်ဘဝမှာ အချစ်ရော ရှိသေးရဲ့လား။

နောက်ထပ်ရော ထပ်ချစ်ဖြစ်ဦးမလား။

တစ်စုံတစ်ယောက်ကိုထပ်ချစ်ဖို့ နှလုံးသားက အဆင်ပြေသေးရဲ့လား။

ဒါပေမဲ့.....
ဒါပေမဲ့ပေါ့....။

**

" မယု။ စောင့်နေရတာ ကြာသွားလားဟင်"

ခပ်တိုးတိုး မေးလိုက်သံပင် ဖြစ်သော်လည်း အတွေးတွေထဲ မျောလွှင့်နေဟန်တူသည့် မယု၏ ခန္ဓာကိုယ်လေးက ဆတ် ခနဲ တုန်ရီသွားသည်။

စိုက်ကြည့်လာသည့် မျက်ဝန်းတို့က ဗလာနတ္ထိ။

ခြံတံခါး ဖွင့်ထားသည်မို့ တိတ်တဆိတ် ဝင်လာမိခြင်းကပဲ လွန်သွားလေပြီလား။

ဧည့်ခန်း ဆက်တီပေါ် ကျောက်တစ်ရုပ်လို ထိုင်နေသည့် သည်အမျိုးသမီးက နေဗီပြာရောင် မြန်မာဝတ်စုံဖြင့် လှရက်လွန်းနေပါသည်။

အင်းလေ။ မလှတဲ့အချိန်ရော ရှိလို့လား။

မေခန့်ကိုယ်တိုင်လည်း အဖြူခံပေါ်မှာ အစိမ်း‌ရောင်ပန်းပွင့်တစ်ချို့
ကြို့တို့ကြဲတဲ နွယ်ယှက်နေတဲ့ သဏ္ဌာန် မြန်မာ ဝမ်းဆက် ကို ဝတ်ဆင်ခဲ့ရသည်။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now