မြို့သစ်ရွာ တဲ့။
ဗန်းမော်မြို့နဲ့ ၂၄ မိုင် ကွာဝေးတဲ့ ဒေသလေး။ရွာ ရယ်လို့ အခေါ် ရှိပေမဲ့ အမှန်စင်စစ်တော့ တိုက်နယ် အဆင့် မြို့ငယ်ကလေး ဖြစ်သည်တဲ့။
ရွာလယ် မှာက မေခန့်၏ အမေ ဖက်က အဖွား အိမ် ရှိသလို မေခန့် ၏ အမေနှင့် အဖေ ၏ အိမ် ( မေခန့်ကို ပေးထားပြီဖြစ်သောအိမ်) က ရွာ၏ အနောက်ဖက် မြစ်ရိုးကမ်းဘေးမှာ တည်ရှိသည့် တိုက်ပုလေး။
အဖွားကို အိမ်မှာ ခဏမျှ ဝင်နှုတ်ဆက်ကြတော့ အသက် (၇၀) ဝန်းကျင်ခန့် ရှိလိမ့်မည် ဖြစ်သော မေခန့်၏ အဖွားက ပြုံးရွှင်စွာ ကြိုဆိုသည်။
မေခန့်တို့ တစ်မျိုးလုံးက အသားအရေ ကောင်းပုံပဲ။
ပြီးတော့ အပြုံးလည်း ချိုကြသည်။" ငါ့မြေးတွေ ဆိုင်ကယ် မောင်းလာတာ ညောင်းနေရောပေါ့ ..."
" ဟုတ်တယ် အဖွား။ ခရီးဝေး မမောင်းတာ ကြာလို့ ညောင်းလိုက်တာ။ ဒါက ဆရာမ လင်းယုနွယ် တဲ့။ ဗန်းမော်တက္ကသိုလ် ကလေ အဖွား "
မေခန့်က မိတ်ဆက်ပေးတော့ ယုနွယ်မှာ ခေါင်းအသာ ညိမ့်ပြကာ မေးရသည်။
" အဖွား နေကောင်းတယ် မလား ရှင် "
" ကောင်းပါ့ ၊ ကောင်းပါ့။ အဖွားက ဒေါင်ဒေါင်မြည်ပဲ"
" မယု..... တစ်ခုခု လိုတာ ရှိလား။ တစ်ခါထဲ ဒီကနေ ယူသွားဖို့"
မေခန့်က သူ့အဖွား၏ စတိုးဆိုင်ထဲ မျက်စိ ကစားရင်း လှမ်းပြောသည်။။
ယုနွယ်မှာ ခေါင်းကို အသာ ယမ်းပြရင်းသာ တုန့်ပြန်မိသည်။
" အဖွား။ မေခန့်တို့ မနက်ဖြန် မနက်မှ အေးအေးဆေးဆေး လာမယ်နော်။ အခုက ပစ္စည်းတွေ နေရာချပြီး နားဦးမလို့လေ "
" သွားပါ သွားပါ။ ညနေကျ ထမင်းချိုင့် ပို့လိုက်မယ်။ ဆရာမ က အစားမရွေးဘူးမလား "
" ဟုတ်။ မရွေးပါဘူး အဖွား။ "
အဖွား၏ အမေးကို အလျင်အမြန်ပင် တုန့်ပြန်မိသည်။
မေခန့်က အိမ်ပတ်လည်ကို ကျီးကန်းတောင်းမှောက် ကြည့်ကာ
"ဦးနိုင် ရော အဖွား "
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....