Unicode 17.

6K 515 33
                                    

" ဈာနမုနိ ဘုရားကို ဒီညနေ မသုနန္ဒာ တို့ သုံးပါး အလှည့်ကျတယ် မဟုတ်လား"

" တင်ပါ့ဘုရား"

"အေး..ညနေသွားရင် ဒီက မမ နှစ်ယောက်ကိုပါ ခေါ်သွားနော်။ မေခန့်..ဒီဆရာလေးတွေ နဲ့ လိုက်သွား။ ဒကာမ တို့ နှစ်ယောက်ထဲဆို စိတ်မချလို့.."

"မှန်ပါဘုရား။ လိုက်သွားမယ် ဘုရား"

ဆရာလေး များနှင့် လှည့်ပတ် စကားပြောကာ မယုကို ပါ တစ်ခါတည်း မိတ်ဆက်ပေးရသည်။

လင်းယုနွယ် ကလည်း မေခန့်နောက် တကောက်ကောက် လိုက်ကာ မိတ်ဆက်ပေးသမျှ ကို လက်အုပ်ချီကာ တုန့်ပြန် လျက်။

ဆွမ်းစားဆောင်ထဲ ထမင်းစားကြချိန်က နေ့ခင်း တစ်နာရီပင် ထိုးလုပြီ။

ရှိသမျှ ဆရာလေး များကို လှည့်ပတ် နှုတ်ဆက်ပြီး အဆောင်ကို ပြန်လာတော့ နေက ကျစ်ကျစ်တောက် ပူနေပြီ။

အိပ်ခန်းအတွင်းမှာ ခုတင်နှစ်လုံးက အခန်း၏ ထောင့် တစ်ဖက်တစ်ချက်စီမှာ ရှိနေသည်မို့ အိပ်ယာခင်းများ ချ ကာ ပြင်ဆင်ရသည်။

" မယု.... ပင်ပန်းသွားပြီထင်တယ်။ အားနာလိုက်တာ"

" မပင်ပန်းပါဘူး။ အတွေ့အကြုံရတာပေါ့။ မေခန့်က တကယ် လူချစ်လူခင် ပေါတာပဲနော်"

" ဟီး... တိမ်းဖာမြေနဲ့ က တကယ် chemistryမိလို့လေ။ ပန်ကာ ဖွင့်မယ်နော် မယု။ ခဏ အညောင်းဆန့်ချင်ဆန့်လိုက်ဦး။ ညနေ တောင်အောက်ကို လမ်းလျှောက်ရမှာ ၊ ခြေတွေတော့ ညောင်းပြီပဲ"

"အင်း..."

ကုတင်ပေါ် လှဲချလိုက်ဟန်က နွဲ့နွဲ့ပြောင်းပြောင်း။

ပက်လက်လှန်အိပ်ရင်း မျက်နှာကျက်ကို ကြည့်ကာ အတွေးနယ်ချဲ့နေဟန် တူပါသည်။

မြင်နေရသည့် ဘေးတိုက်အနေအထားကို ငေးကြည့်ရင်း မေခန့်နဲ့ မတွေ့ခင်၊မြို့ကလေးကို ရောက်မလာခင် အချိန်က မယု​၏ ဘဝ ဖြတ်သန်းလာမှုတွေကို သိချင်လာရသည်။

မယုမှာ ဆိုင်သူ ရှိခဲ့သလား။
လက်ရှိအချိန်မှာရှိမနေတာတော့ သေချာပါသည်။
မယုက ပြောခြင်းမျိုး မဟုတ်ပါဘဲ မေခန့်ကိုယ်၌က အလိုလို သိလာရခြင်းမျိုး ဖြစ်သည်။

ချစ်ခြင်းဖြင့် ချည်နှောင်သောWhere stories live. Discover now