" သီတင်းကျွတ် ပိတ်ရက် ရောက်ရင် မယုအိမ်ပြန်မှာပေါ့နော်"" ဟင်...။ အင်း..... ဆိုပါတော့...။ မေခန့်ကရော ဘယ်သွားလည်ဖို့ အစီစဉ် ရှိသလဲ"
နှစ်လ တာ အချိန်ကုန်ဆုံးပြီး နောက်မှာ
လင်းယုနွယ် ဆိုသော နားလည်ရ ခပ်ခက်ခက် အမျိုးသမီး ဟာ မေခန့်နိုင် နဲ့ ရင်းနှီး တဲ့မိတ်ဆွေတွေ ဖြစ်သွားကြလေပြီ။မေခန့်နိုင် ကိုယ်တိုင်က တစ်ပါတ် တစ်ခါလောက်တော့ မယု၏ အိမ်ကို ရောက်ဖြစ်သည်။
ခြံဝိုင်းလေးထဲက အိုးလေးတွေနှင့် အစီအရီ စိုက်ပျိုးထားသည့် ပန်းပင်မျိုးစုံကို ပေါင်းသင်မြေဆွ ကူညီဖြစ်သည်။
မယု လုပ်ကျွေးသည့် မုန့်မျိုးစုံကို မြိန်ရှက်စွာ စားဖြစ်သည်။
တစ်ခါတစ်ရံ ညနေခင်းတွေမှာ သိမ်တော်ကြီးဘုရားသို့ သွားဖြစ်ကြပါသည်။
" မေခန့်က မြို့သစ်ဖက် သွားမှာ မယုရဲ့။ အဖွားလေးတို့ တွေ ရှိတယ်လေ။ အာ...။မာမားရဲ့ အမျိုးတွေပေါ့။ အလုပ်မဝင်ခင်လေး သွားပြီး မျက်နှာပြရင်း မုန့်ဖိုးလေးဘာလေးတောင်းရင်းပေါ့ အဟီး..."
မြေဆွသည့် ခက်ရင်းခွ သေးသေးလေးကို ကိုင်ထားရင်း ငုတ်တုတ်ကလေး ထိုင်ကာ ရယ်ရယ်မောမော ပြောနေသည့် ထိုကလေးမ ကို လင်းယုနွယ် တစ်ယောက် အသဲယားစွာ ငေးကြည့်မိသည်။
အဆိပ်ကင်းလိုက်ပုံများ၊ အနားက လူတောင် ပြုံးချင်စရာ...။
"မယု က ဘယ်ဇာတိလဲဟင်"
တခြားသူ တစ်ယောက်ယောက်သာ ဒီလိုမေးခွန်းမျိုးမေးလာလျှင် ကျိန်းသေပေါက်စိတ်ဆိုးမှာ ဖြစ်ပေမဲ့ ဒီကလေးမ တော့ဖြင့် မတူပါလေ။
မျက်မှန်လေးကို ဆတ်ခနဲ ပင့်ပင့်ကာ စကားပြောတတ်သည့် ထိုအမူအရာလေးတွေကို ယုနွယ် အလွတ်ရနေပြီ။
" ကျွန်မက ရန်ကုန်ဖက်ကပါရှင်။ ရန်ကုန်တော့မဟုတ်ဘူးပေါ့။ ခပ်လှမ်းလှမ်း ရွာတစ်ခုက"
"ဪ.."
ခပ်ပြုံးပြုံး ဖြေလိုက်သော မယု၏ အဖြေစကားကြောင့် သက်ပြင်းကိုသာ ခိုးချမိရသည်။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....