-1-

3.9K 110 22
                                    

Unicode-

အချိန်အခါအရ လူအသွားအလာသိပ်မရှိတော့တဲ့နေရာကို ဘယ်သူမှမသိအောင် ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရတာကလည်း ခံစားချက်တစ်မျိုးပင် ။

ဘယ်လိုပြောရမလဲ~~
ခိုးလုပ်ရလို့ ရင်တွေတုန်နေတယ်ဆိုတဲ့သဘော။

"ဟိတ်ကောင်တွေ! မြန်မြန်လာပါဟ!"

"လာနေပါတယ် မင်းကလည်း စိတ်ချည်းပဲ"

Jeon Jungkook ၊Park Jiminနှင့်Jung Hoseokတို့သုံးယောက် မနက်အစောကြီးကတည်းကအိမ်ကထွက်လာပြီး နေရာစုံအောင်အလေလိုက်နေကြတာ ကျောင်းတက်ချိန်ကျော်မှ ကျောင်း‌ဆီသို့ရောက်လာကြသည် ။

"ငါ ငါခုန်မချရဲဘူးကွ"

"နေ့တိုင်းတက်လိုက်ဆင်းလိုက် လုပ်နေတာကို ဘာလို့ကြောက်နေတာလဲ"

အိမ်သာနားရှိ အုတ်တံတိုင်းကနေ ကျော်ခွပြီးကျောင်းထဲဝင်ရတာမို့ Hoseokကတော့ အမြင့်ကြောက်တတ်သူပီပီ အောက်ဆင်းဖို့ကို တုန်ရီနေသည် ။

"နေ့တိုင်းလည်းဘာ..ဘာဖြစ်တုန်းကွာ! ကြောက်တာကကြောက်တာပဲ"

"မြန်မြန်ခုန်ချလိုက်စမ်းပါ"

"မင်းတို့တွေ ဒီတစ်သက်ပြီးကြဦးမှာလား တစ်ယောက်ယောက်မြင်သွားရင် ပြဿနာတက်မယ် မြန်မြန်လာကြပါကွာ!"

Jungkook စိတ်ပေါက်ပေါက်နဲ့ပြောပစ်လိုက်တယ် ။ အကျယ်ကြီးလည်းမပြောရဲဘူး သူများတွေကြားကုန်မှာစိုးလို့ ။ ဒီနှစ်ယောက်နဲ့လည်း ကြားထဲက သူ အသက်တိုတော့မှာ ။

Hoseokက သတ္တိမွေးကာ ခုန်ချလိုက်ပြီး သုံးယောက်သား ကုန်းကုန်းကွကွနဲ့ ခြေသံကိုဖွနင်းကာ လျှောက်နေကြသည် ။

"ဟို သုံးကောင်!!"

အသံကြားလိုက်ပေမဲ့ ဂရုမစိုက်မိကြ ။ သူတို့အခန်းကိုပဲရောက်ဖို့အရေးကြီးနေတာမို့ ခပ်သွက်သွက်သာ သွားနေလိုက်ကြသည် ။

"ဟိုသုံးကောင်!! ငါခေါ်နေတယ်!!"

"အိ!"

Hoseokက လှည့်ကြည့်လိုက်တော့ ကြိမ်လုံးရှည်တစ်ချောင်းကိုကိုင်ကာ သူတို့ကိုကြည့်နေတဲ့ ဆရာမ ။ လန့်ပြီးပါးစပ်ကိုလက်နဲ့အုပ်လိုက်မိသည် ။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now