-27-

640 36 13
                                    

Unicode-

Taehyungတစ်‌ယောက် စိတ်လှုပ်ရှားနေမိသည်။ ဒီနေ့ဟာ မောင်ဘွဲ့ယူမယ့်နေ့။ Taehyungက မောင်အံ့သြသွား‌အောင်‌ မောင့်ကိုမပြောဘဲ surpriseလာတိုက်တာဖြစ်သည်။

တက္ကသိုလ်ရဲ့ပင်မခန်းမ‌ဆောင်ရှေ့ရပ်နေစဉ်မှာပင် မောင့်မိဘတွေကရောက်လို့လာတယ်။ သူလာမယ်ဆိုတာ မောင့်မိဘတွေကိုတော့အသိပေးထားပြီးသားလေ။

" သား အထဲမဝင်သေးဘူးလား "

" အန်တီတို့ကိုစောင့်နေတာပါ "

" ဘာလို့စောင့်နေရတာလဲ သားရယ်...လာ လာ..ဝင်ကြမယ်..ပွဲတောင်စတော့မယ်ထင်တယ် "

" ဟုတ်ကဲ့ "

ခန်းမထဲရောက်တော့ ဘွဲ့နှင်းသဘင်အခမ်းအနားကစတော့မှာဖြစ်သည်။ Taehyungက မောင့်မိဘတွေနဲ့အတူမထိုင်ဘဲ သီးသန့်နေရာတစ်နေရာသပ်သပ်ယူလိုက်တာဖြစ်တယ်။ ဒါမှမောင်မရိပ်မိမှာလေ။ သူက ကျောင်းမှာအရေးကြီးကိစ္စရှိလို့မလာဖြစ်‌ဘူးလို့ပြောထားတာမို့ မောင်ကသတိထားမိမှာမဟုတ်။ နောက်ပြီး ကိုယ့်ချစ်သူဘွဲ့ယူမယ့်နေ့မှ မလာရင် Taehyungကကောင်းတဲ့ချစ်သူတစ်ဦးဘယ်ဟုတ်တော့မလဲ။

Taehyungက ခုံတစ်ခုံမှာကွယ်ထိုင်ရင်း မောင့်နာမည်ကိုသေချာနားစွင့်နေမိတယ်။ တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်ပြီးနောက်မှာတော့ သူစောင့်မျှော်နေတဲ့မောင့်အလှည့်ရောက်လို့လာသည်။

ဘွဲ့ဝတ်စုံနဲ့ကြည့်ကောင်းနေတဲ့မောင်က အကြီးအကဲပေးအပ်တဲ့ဘွဲ့လက်မှတ်ကို လက်ခံယူနေသည့်ပုံဟာ Taehyungမျက်စိထဲကနေကိုမထွက်တော့ပေ။ စတွေ့ခဲ့သည့်အထက်တန်းကျောင်းသားလေးအရွယ်ကနေ တက္ကသိုလ်ကိုတောင်ကျော်ဖြတ်ပြီးလို့ အခုဆိုဘွဲ့တောင်ရနေလေပြီ။ မျက်စိရှေ့တင် ကြီးပြင်းလာပြီး သူ့အတွက်နဲ့ဒီလောက်ထိကြိုးစားပေးတာကိုမြင်ရတော့ Taehyungမှာဂုဏ်ယူလို့မဆုံး။

စင်မြင့်ပေါ်မှာ အဖွဲ့လိုက်အမှတ်တရဓာတ်ပုံရိုက်ပြီးသွားတာနဲ့ အခမ်းအနားပြီးမြောက်ကြောင်းကြေညာလေသည်။ အခုTaehyungက မောင်နဲ့ထိပ်တိုက်တွေ့ဖို့အချိန်ရောက်ပြီးပေါ့။ သူ့ကိုမြင်ရင် မောင်ဘယ်လိုဖြစ်သွားမလဲသိချင်လိုက်တာ ဟိ!။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now