Unicode-
Honeymoon ကပြန်လာပြီး နောက်ရက်ကစလို့ အလုပ်ကိုယ်စီလုပ်ရင်း အိမ်ထောင်သည်ဘဝကိုဖြတ်သန်းကြရတော့တယ်။
Jungkook က Taehyungကို ကျောင်းလိုက်ပို့ပြီး ကုမ္ပဏီကိုသွားတယ်။
Smartကျကျနဲ့ ကုမ္ပဏီထဲစဝင်လာတာနဲ့ ဝန်ထမ်းတွေဆီက အာရုံစိုက်မှုအပြည့်အဝရရှိတယ်။ ပုံမှန်ဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ သဘောကျတဲ့အကြည့်တွေက Jeon Jungkookအပေါ်မှာ များစွာသက်ရောက်တယ်။
သို့ပေမယ့် လောလောလတ်လတ်ကြားထားရတဲ့ Smart boyလေးရဲ့ မင်္ဂလာသတင်းကြောင့် ဝန်ထမ်းမလေးတွေ အသဲကွဲရပြီ။
ကုမ္ပဏီကနေ ပျောက်သွားတဲ့ တစ်လဆိုတဲ့ အချိန်ကုန်ပြီးသွားတဲ့နောက်မှာ အခုပြန်ပေါ်လာတော့ သူတို့ရဲ့မင်းသားလေးက အိမ်ထောင်သည်လေးဖြစ်နေခဲ့ပြီ။" လိုက်ကြည့်နေလည်း မရနိုင်တော့ဘူး ok! "
" သိပါတယ်ဟာ..နည်းနည်းလေးတော့ ကြည့်ပါရစေ "
မိန်းကလေးသုံးယောက်က သူတို့မန်နေဂျာချုပ်ကိုမြင်တော့ မထင်မှတ်ဘဲ စကားဆက်မိကြတယ်။
" မန်နေဂျာချုပ်ကို နှမြောလိုက်တာ "
" အေးလေ မန်နေဂျာချုပ်ကိုရတဲ့မိန်းကလေးက တော်တော်ကံကောင်းတာပဲ..ချောလည်းချောတယ် တော်လိုက်တာလည်းလွန်ရော..နောက်ပြီး ဒီကုမ္ပဏီရဲ့ဆက်ခံသူလေ..အကုန်လုံးကို ပြည့်စုံနေတော့တာ "
" အားလုံး perfectဖြစ်တာကတော့ ဟုတ်ပါတယ်..ဒါပေမဲ့ သူ့အိမ်ထောင်ဖက်က မိန်းကလေးလို့ဘယ်သူပြောလဲ "
တစ်ယောက်ရဲ့စကားကို ထူးဆန်းသလို ဝိုင်းကြည့်လာတယ်။
" မန်နေဂျာချုပ်ရဲ့မင်္ဂလာပွဲကို ငါ့သူငယ်ချင်းရဲ့မိဘတွေ တက်ရတယ်..အဲ့ဒါကံကောင်းလို့! အရင်းနှီးဆုံးမိတ်ဆွေတွေပဲ ဖိတ်တာတဲ့..နောက်ပြီး Hawaiiမှာဟေ့!!! "
ကောင်မလေးကပြောရင်း အားပါကာ အသံကျယ်သွားတာမို့ မနည်းဘရိတ်အုပ်လိုက်ရတယ်။ ကျန်နှစ်ယောက်ကလည်း အံ့ဩကာ မျက်ဝန်းတွေကအရောင်လက်နေပြီ။
နောက်တော့ သူမက ဖုန်းကိုထုတ်ပြီး တစ်ခုခုဖွင့်ပြတယ်။
" ဒီမှာကြည့် ! "

YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanfictionထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...