Unicode-
သားရေးသမီးရေး မဆိုသည့် သားရေးသားရေးကိစ္စမှာ စေ့စပ်ပွဲကိုအရင်လုပ်ထားပြီး Jungkook၏လုပ်ငန်းခွင်အတည်တကျဖြစ်မှသာ လက်ထပ်ဖို့ကိစ္စကို ဆွေးနွေးကြမည်ဟု နှစ်ဦးနှစ်ဖက် သဘောတူဆုံးဖြတ်လိုက်ကြသည်။
မောင်နဲ့မောင့်မိဘတွေက အရင်ပြန်သွားပြီး Taehyungကတော့ မိဘအိမ်မရောက်တာကြာတာနဲ့ နှစ်ရက်သုံးရက်လောက်နေပြီးမှ ပြန်ဖို့လုပ်လိုက်တယ်။ Taehyungနေခဲ့မယ်လို့မထင်ထားတဲ့ မောင်က မပြန်ခင်မျက်နှာကြီးစူပုတ်နေတာမို့ မောင့်မိဘတွေက Taehyungဘက်ကကူပြောပေးမှ ခွင့်ပြုတာဖြစ်သည်။ဒါတောင် စိတ်ကောက်ပြီးပြန်သွားတာ မောင်က။
Taehyungကတော့ မောင့်ကိုချော့ရပေဦးမည်။ညနေစောင်းလောက်မှာ Jungkookဆီမှ *အိမ်ပြန်ရောက်ပြီ* ဟူသောစာတစ်စောင်ရောက်လာတော့ Taehyungရယ်လိုက်တယ်။ ကောက်စိန်မောင်တစ်ယောက်ကတော့ သူ့ကို ဖုန်းသာမဆက်တာ ပြန်ရောက်ကြောင်း အသိပေးစာတော့ပို့ရှာတယ်။
အဲ့ဒီ့တော့ Taehyungကပဲ ချစ်သောမောင်ဆီ ဖုန်းခေါ်ရတော့တာပေါ့လေ။* ပြော! *
အသံကဘောက်ဆက်ဆက်နှင့်မို့ Taehyung အသံထွက်တဲ့အထိရယ်လိုက်တယ်။
* ဘာရယ်တာလဲ! *
" ဘာလို့စိတ်ကောက်နေရတာလဲ "
မောင့်မေးခွန်းကိုအမေးဖြင့်ပြန်တုံ့ပြန်လိုက်တယ်။ မောင်စိတ်ပြေတဲ့အထိချော့ရမယ်လေ။
" ငါမနက်ဖြန် သန်ဘက်ခါဆိုပြန်လာမှာပဲကို "
* မခွဲနိုင်တာသိရဲ့သားနဲ့ *
" ငါတို့လတွေအများကြီး မတွေ့ဘဲနဲ့တောင် နေခဲ့သေးတာပဲ..နှစ်ရက်လောက်သည်းခံလိုက်ပါ မောင်ရယ် "
* အဲ့ဒီ့လိုမတွေ့ဘဲနေခဲ့ရလို့ အခု အချိန်တိုင်းအတူရှိနေချင်လို့လေ *
" ဟုတ်ပါပြီ..မောင့်သဘော ငါအမြန်ဆုံးပြန်လာခဲ့ပါ့မယ် "
* ဟုတ် မြန်မြန်နော် *
" အင်း အခုစိတ်ဆိုးပြေပြီလား "
* ပြေသွားပြီ..ထယ့်ဖုန်းဝင်လာကတည်းက.*
" မင်းနော်! "
* ချော့ခံချင်လို့လေ..မောင်သာ အရင်စိတ်ပြေပြီပြောလိုက်ရင် ထယ်မချော့တော့ဘဲနေမှာပေါ့*
YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanfictionထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...