-13-

844 32 21
                                    

Unicode-

သူတို့နှစ်ယောက် စကားမပြောတာ သုံးရက်လောက်ရှိပြီ ။ Taehyungက Jungkookအိမ်မသွားတော့သလို ကျောင်းမှာလဲ မသိချင်ယောင်ဆောင်နေကြတယ်။

Jiminတို့လည်း သတိထားမိတယ် ။ ဆရာက သူ့ကိုစာမလုပ်လို့စိတ်ဆိုးတာနေမှာ။ ဒါပေမဲ့ သူတို့သူငယ်ချင်းရဲ့ စိတ်ကိုသိတာမို့ ဘာမှမပြောဘဲ ငြိမ်နေတာဖြစ်သည်။

Canteenမှာ Taehyungနဲ့ Jungkook မျက်နှာချင်းဆိုင်တွေ့ရင်တောင် အချင်းချင်း မျက်စောင်းထိုး သွားကြတာ။

ဆရာKimတော့မသိပေမဲ့ Jungkookတစ်ယောက်ကတော့ ကွယ်ရာကိုရောက်သွားတာနဲ့ တငိုငိုတရယ်ရယ်ဖြစ်နေတာ သူတို့အသိဆုံး။

Jungkookစိတ်ညစ်နေပြီ ။ ထယ်က သူ့အပေါ်သူစိမ်းဆန်နေတာကြီး သူမခံစားနိုင်ဘူး။ ချော့ဖို့ကြိုးစားပေမဲ့လည်း မျက်နှာချင်းဆိုင်တောင် အတွေ့မခံတာမို့ အခက်တွေ့နေရတယ်။

ဘာပဲဖြစ်ဖြစ် သူ ထယ့်ကို ရအောင်ချော့မယ်။

ကျောင်းဆင်းတော့ နားနေခန်းရှေ့ သူရောက်လာတယ်။

ခဏကြာတော့ ခြေသံကြားတာမို့ တုန်နေတဲ့ရင်ဘတ်ကိုအသာဖိပြီး အခန်းရှေ့အသင့်စောင့်‌နေမိတော့ ထယ်က ဆရာParkနဲ့ စကားပြောရင်း အပြင်ထွက်လာတာ။

ထယ်တစ်ယောက်တည်းလို့ ထင်မိတာကြောင့် ဆရာParkနဲ့အတူတွေ့လိုက်ရတော့ အနည်းငယ်တော့ စိတ်ထဲအောင့်သက်သက်ကြီး။

စိတ်ဆိုးစိတ်ကောက်နေလဲ အခုလိုတော့ တခြားသူနဲ့နှစ်ယောက်တည်းရှိမနေသင့်ဘူးမဟုတ်လား။

ထိုသို့အတွေးမျိုးဝင်မိပေမဲ့ ထယ့်ကို သူပိုင်ဆိုင်နေရပြီမို့ သူစိတ်ချသည်။ ထယ်ကိုယုံကြည်သည်။

" Jungkook! ဘာလို့ဒီရောက်နေတာလဲ "

Bogumက မေးလိုက်သော်လည်း Taehyungကတော့ မသိချင်ယောင်ဆောင်နေသည်။

" ဆရာKim ကို ပြောစရာလေးရှိလို့ လာစောင့်နေတာပါ "

" ဟုတ်ပါပြီ ဆရာတပည့်နှစ်ယောက် နေခဲ့ကြတော့နော် အရင်သွားနှင့်တော့မယ် "

" ဟုတ်.ဂရုစိုက်ပြန်ပါ ဆရာ "

Bogumပြန်သွားတော့ Taehyungနဲ့Jungkookတို့ နှစ်ယောက်တည်းကျန်ခဲ့ကြတယ်။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now