Taehyungတို့မိသားစု ညနေခင်းလမ်းလျှောက်ထွက်ကြတယ်။ Yeontanနဲ့ Banလေးကို တစ်ယောက်တစ်လှည့်ကိုယ်စီဆွဲခေါ်ကာ အရင်ဆုံး ပန်းခြံကို ပတ်ကြတယ်။
Taehyungက Yeontanကို လည်ပတ်ကြိုးလေးဆွဲလို့ ရှေ့ကနေ ကော့တော့ကော့တော့နဲ့လျှောက်သွားတယ်။ ဒါ Jungkook ကို စိတ်ကောက်ပြီးစကားမပြောတာ။
ဆောင်းဝင်ပြီမို့ တစိမ့်စိမ့်အေးတဲ့လေအေးတွေတိုက်နေတဲ့ကြားက ရေခဲမုန့်စားချင်နေတဲ့ လူကြီးကို သူဘယ်လိုလုပ်ပစ်လိုက်ရမလဲ။ ရေခဲမုန့်မစားရလို့ကောက်နေတဲ့ လူကြီးလေးက တစ်မျိုးတစ်ဖုံလည်း ချစ်ဖို့ကောင်းနေပြန်ပါသည်။
" ဟေ့ ! ရှေ့က ခွေးမည်းလေးနဲ့ကောင်လေး...နာမည်လေးသိချင်လို့ "
" မသိတဲ့လူတွေနဲ့စကားမပြောဘူး !! "
ဘုဘောက်ပြန်ဖြေသံလေးကြောင့် ရယ်လိုက်မိသည်။ Banလေးက လမ်းလျှောက်နေရာကနေ ကြောင်တောင်တောင်လေး ပြန်လှည့်ကြည့်တယ်။ ငါ့သခင်နှစ်ယောက် ဘာဖြစ်နေကြတာလဲ ??
Yeontanလေးက လမ်းလျှောက်တာကိုရပ်ပြီး မြက်ခင်းကိုတရှုံ့ရှုံ့နမ်းတာမို့ Taehyungက စောင့်ပေးနေရတယ်။ အဲ့ဒီ့အချိန်ကို Jungkookက အခွင့်ကောင်းယူပြီး စိတ်ကောက်နေတဲ့လူကြီးလေးအနား အပြေးကပ်တယ်။
" ဟိတ် ! တစ်ယောက်တည်းလား ! ကျွန်တော် ခင်ချင်တယ်လေ.. "
" ...... "
" စကားလေးတော့ပြန်ပြောပါ...ဒီကလျစ်လျုရှုထားတော့ ကျွန်တော့်ရင်တွေ နာ..နာ "
" နာရင်သေလိုက် ! "
ချော့ဖို့ဆုံးဖြတ်ထားပေမယ့်လည်း စိတ်ကောက်နေတဲ့ပုံစံလေးက ချစ်ဖို့ကောင်းနေတော့လည်း သူ့မှာမနေနိုင်မထိုင်နိုင် စနောက်မိပြန်သည်။
Jungkookကို လျစ်လျူရှုထားပြီး စိတ်အစုံက Yeontanဆီမှာပဲရှိတယ်။ Banလေးက နားလည်သည့်အလား Yeontanလေးနဲ့ကစားနေရင်း Taehyungရဲ့ကိုယ်ပေါ် ခြေထောက်လေးတွေနဲ့ကုတ်တက်တယ်။
" ဘယ်လိုတုန်း Banရေ...ဘာလိုချင်လို့လဲ..ဟင် ပါးပါးပေါ်တက်ချင်လို့လား "
Taehyungက Jungkookကိုကောက်နေပေမယ့် သူ့ကလေးတွေကိုတော့ ပုံမှန်ပါပဲ။ မြက်ခင်းပြင်ပေါ် ထိုင်ချလိုက်ပြီး Ban ကိုပေါင်ပေါ်တင်ထားလိုက်တယ်။ Yeontanလေးကပါ မြက်ခင်းပေါ်ထိုင်ပြီး ကစားနေတဲ့ကလေးတွေကို ငြိမ်ငြိမ်လေးလိုက်ကြည့်နေတယ်။ သူထွက်ပြေးလို့မရဘူး။လည်ပတ်ကြိုးက ပါးပါးလက်ထဲမှာ T~T ။ Banကတော့ Taehyungပေါင်ပေါ်မှာထိုင်ပြီး Yeontanကို ကြည့်နေတယ်။ ငါ့လို အေးဆေးထိုင်နေစမ်းပါ ဆိုတဲ့ပုံစံနဲ့။
YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanfictionထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...