-8-

748 37 32
                                    

Unicode-

ကျောင်းတွေပြန်ဖွင့်တဲ့အချိန်ကစပြီး Jeon Jungkook တို့ငြိမ်ချက်သားကောင်းနေသည် ။

ကျောင်းကိုအစောကြီးလာ စာသင်ခန်းထဲ ထိုင်ပြီး စာလုပ်နေတာမို့ Jimin နဲ့ Hoseok မှာ မျက်လုံးနဲ့ချည်းစကားပြောနေရလို့ မျက်ကြောတွေတောင် လိုက်နေပြီ ။

စာသင်ချိန်တွေမှာ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ဂရုတစိုက်နဲ့ နားထောင်နေသည်မှာ စာကိုအလွန်ကိုမှ စိတ်ဝင်စားသည့် ကျောင်းသားသဖွယ်...

တကယ်လည်း စာကြိုးစားနေပြီဖြစ်သည် ။ တစ်နေ့တစ်နေ့ စာတွေချည်းလုပ်နေရလို့ အားတဲ့အချိန်တောင် မရှိသလောက်ပင် ။

ဒါကို သေချင်စော်နံနေသည်က Jung Hoseok နဲ့ Park Jimin ။ သူတို့ဘယ်သွားသွား ပါနေကျ Jungkook က အခုတော့ သွားလေသမျှ နေရာတိုင်းကို ငြင်းကာ အမြဲနေခဲ့သည် ။ ရှိတာမှ ဒီသုံးယောက်ကို သူကမလိုက်မှတော့ နှစ်ယောက်တည်းသွားလည်း ပျော်စရာကောင်းမှာမဟုတ်လို့ သူတို့ အခု ဘယ်မှကို မသွားဖြစ်တော့ပေ ။

" ကဲ! အိမ်စာပြီးပြီ "

ပြုံးဖြီးနေသည့်မျက်ခွက်နဲ့ ပြောလာသည့်Jungkook

" အဲ့တော့ ဘာဖြစ်လဲ "

" အဲ့တော့ အိမ်မှာရေးစရာမလိုတော့ဘူးပေါ့ကွာ မင်းတို့ကရော ဘာလို့မရေးတာလဲ "

" မရေးချင်လို့မရေးတာပေါ့ နောက်ပြီး အိမ်စာဆိုတာ အိမ်မှာလုပ်တာ အိမ်မှာလုပ်ဖို့ပေးလိုက်တဲ့စာ ဒါ့ကြောင့် အိမ်မှာပဲလုပ်မှာ "

" မင်းတို့ တကယ်ပျင်းတဲ့ကောင်တွေပဲ "

" မင်းကရော အရင်က မပျင်းလို့လား ငါတို့ထက်တောင်ပိုဆိုးနေတဲ့ကောင်ကများ ကြီးကြီးကျယ်ကျယ်တွေပြောပြန်ပြီ "

" ဟ! အဲ့ဒါအရင်ကကွ အခုငါ မင်းတို့ထင်တဲ့အတိုင်း ငပျင်းမဟုတ်တော့ဘူး အတိတ်တွေကိုထားခဲ့လိုက်တော့ "

ပြောပြီး အခန်းပြင်ကိုထထွက်သွားတဲ့ Jungkook ကြောင့် Jiminလှမ်းမေးလိုက်သည်။

" အဲ့ဒါ ဘယ်သွားဦးမလို့လဲ မင်းက ? "

" ဆရာ့ကို သွားခေါ်မလို့ပေါ့ စာသင်ချိန်နောက်တစ်ချိန်ရောက်နေပြီလေ "

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now