-29-

830 43 20
                                        

Unicode-

ဒီနေ့က September 1 ..
မောင့်မွေးနေ့လဲ ဖြစ်သလို မောင်နှင့်Taehyungတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲနေ့ဆိုလည်း မမှားပေ။

‌Jungkookရဲ့မိဘတွေက အမှတ်တရလေးဖြစ်သွားအောင် Jungkookရဲ့မွေးနေ့မှာ စေ့စပ်ပွဲကျင်းပဖို့ တိုင်ပင်ဆုံးဖြတ်ခဲ့ကြသည်။

" ထယ် မောင်အဆင်ပြေရဲ့လား.. "

Taehyungက Jungkookရဲ့ necktieကိုသေချာပြင်ပေးလာသည်။

" ပြေပါတယ် မောင်အချောဆုံးပဲ "

လက်မလေးထောင်ပြတဲ့ ထယ့်ကို Jungkookက အသည်းယားသဖြင့် နဖူးထက်အနမ်းခြွေလိုက်မိသည်။

" မောင် ထယ့်ကိုပိုင်ဆိုင်ရတော့မှာပဲ...မောင် အရမ်းပျော်နေတယ် ထယ်!...အခုပွဲက မောင်တို့ရဲ့စေ့စပ်ပွဲမို့လို့သာပေါ့ လက်ထပ်ပွဲသာဆို မောင်တော့အပျော်လွန်ပြီး မူးမေ့လဲသွားလောက်တယ် သိရဲ့လား "

မောင့်စကားကြောင့် Taehyungရယ်လိုက်မိပါသည်။ မောင့်လိုမျိုး Taehyungလည်း ထပ်တူပါပဲလေ။

" ငါလည်း မယုံနိုင်သေးဘူး မောင်...ဒီအခြေအနေက ငါလုံးဝထင်မထားခဲ့ဘူး..တစ်နေ့ မောင်နဲ့အခုလိုဘဝကိုအတူဖြတ်သန်းရလိမ့်မယ်လို့လေ.. "

" ထယ် "

" ဟင် "

" ထယ် ဘာလို့ မောင်တို့စေ့စပ်ပွဲကို မောင့်မွေးနေ့နဲ့ရောလုပ်ခိုင်းရတာလဲ "

စေ့စပ်ပွဲက Jungkookရဲ့မွေးနေ့နဲ့တစ်ရက်တည်းဆိုသော်ငြား Jungkookက သီးခြားခွဲကာ ခမ်းခမ်းနားနားပြုလုပ်ချင်ပေမယ့် Taehyung‌ဆန္ဒအရ Jungkookရဲ့မွေးနေ့ပွဲနဲ့အတူ လူကြီးဆုံရာနှင့် မိသားစုရှေ့နေအသိသက်သေအနည်းငယ်ဖြင့် အတိုချုံ့သဘောမျိုးသာပြုလုပ်လိုက်ရသည်။

" ဒါက ဒီတိုင်း စေ့စပ်ပွဲပဲလေ မောင်ရယ်...နောက်ပြီး မောင်က ခုမှလုပ်ငန်းခွင်စဝင်မဲ့သူ..ငါမောင့်ကို အနှောင့်အယှက်မဖြစ်စေချင်ဘူး "

" ဘာလို့အဲ့ဒီလိုထင်ရတာလဲ...ထယ့်လောက် ဘယ်အရာကမှ မောင့်အတွက်အရေးမကြီးဘူး..."

" ဟုတ်ပါတယ်..မောင့်ကိုနားလည်ပါတယ်...အခု စေ့စပ်ပွဲကိုတော့ အသိသက်သေနဲ့ပဲလုပ်လိုက်ပြီး လက်ထပ်ပွဲကျမှမောင့်စိတ်ကြိုက်လုပ်နော်..အဲ့ဒီ့အခါ ငါမတားဘူးလေ..မောင့်ဘာသာ သေးသေးပဲလုပ်လုပ် တစ်ကမ္ဘာလုံးပဲကြေညာကြေညာ..ငါမတားဘူး ဟုတ်ပြီလား..အခုကတော့ မောင့်ကိုအလုပ်မှာ အဆင်ပြေတဲ့သူ ၊ အထက်လူကြီးတွေ ဝန်ထမ်းတွေ လေးစားအားကျရတဲ့သူတော့ဖြစ်စေချင်သေးတယ်..နော် မောင် ငါ့စကားနားထောင်နော်"

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now