Unicode-
ရုံထဲက ထွက်လာတော့ တစ်ခုခုသွားစားရအောင် ဆိုတဲ့ Jungkookကြောင့် စားသောက်ဆိုင်တွေနဲ့ပြည့်နေတဲ့ ဆိုင်တန်းတွေဘက်ရောက်လာတယ် ။
ချစ်ရသူနဲ့နှစ်ယောက်အတူစားဖို့အတွက်ဆို ကိုရီးယားအမဲသားကင် ကအရသာအရှိဆုံးပဲမဟုတ်လား ။
ရောက်လာတဲ့ အသားလွှာတွေကို မီးဖိုပေါ်တင်ပြီး သေချာလေးကင်နေတဲ့ Taehyungက ကျက်သွားတဲ့ အသားတစ်ဖတ်ကို သေချာမှုတ်ပြီး Jungkookပါးစပ်နားတေ့ပေးတော့ ပြုံးစိစိနဲ့ စားလိုက်တယ် ။
Jungkookက သဘောကျတာကြောင့် ဖုန်းလေးထုတ်ပြီး သူ့ရှေ့က ထယ်ကို ဓာတ်ပုံရိုက်ထားမိလိုက်တယ် ။စားနေရင်း ဓာတ်ပုံအရိုက်ခံလိုက်ရတဲ့ Taehyungက ပလုပ်ပလောင်းနဲ့မော့ကြည့်လာတော့ ပြည့်နေတဲ့ပါးက ဖောင်းကားနေရောပဲ ။
" ဘာရယ်တာလဲ ? "
ခေါင်းခါပြလိုက်တော့ သူ့ဆီမျက်စောင်းနုနုရောက်ရှိလာပြီးနောက် ထယ်က အသားကင်ကိုသာဆက်စားနေတော့တယ်။
______________________________
လျှောက်လည်လို့ဝတော့ Jungkookက Taehyungကို ကွန်ဒိုအထိလိုက်ပို့ပြီးမှ အိမ်ပြန်တယ် ။
အပြင်ကပြန်လာပြီး သီချင်းလေးညည်းပြီး အိမ်ထဲဝင်လာတဲ့ သားကြောင့် မာမီကတော့ ရင်တမမပါပဲ ။ သားလေးတစ်ကောင် မျောက်တစ်ထောင်မွေးထားရသလို တစိတ်ရှိ ဒီသားတစ်ယောက်ကိုပဲ လိုက်ကြည့်နေရတယ်။
" တစ်မနက်လုံးကိုပျောက်နေတာ... လျှောက်သွားနေတော့တာပဲ.. "
" ဟဲဟဲ..မာမီကလဲ.. "
" မာမီကမလဲဘူး..သွား ရေမိုးချိုးပြီး ထမင်းလာစားတော့..မင်း ဒယ်ဒီပြန်လာတော့မှာ "
" ဟုတ်..မာမီ "
အခန်းထဲဝင် ရေမိုးချိုးသန့်စင်ပြီးတော့ ထယ့်ဆီဖုန်းခေါ်လိုက်တယ် ။ ဒီချိန်လောက်ဆို ထယ် နားလောက်ပြီ ။
" ဟယ်လို ထယ်! "
* ခုမှ အိမ်ပြန်ရောက်တာလား *
" မဟုတ်ပါဘူး..ရေချိုးနေလို့ပါ "
* ပြန်ရောက်တာနဲ့ ဖုန်းဆက်ဆိုတာကို.. *

YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanficထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...