-38-

794 33 16
                                        

Unicode-

Taehyungတစ်ယောက် မှန်တင်ခုံရှေ့မှာ ထိုင်နေရင်း စိတ်လှုပ်ရှားနေရသည်။ ဒီနေ့က သူနဲ့မောင်ရဲ့ မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဖြစ်လို့နေသည်။

မောင်နဲ့Taehyungရဲ့ လက်ထပ်ပွဲကိုကျင်းပဖို့အတွက် မောင်က Hawaii ကိုရွေးချယ်ခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ကိုသက်သေထူဖို့ ကောင်းကင် ၊ မြေကြီး နဲ့ ပင်လယ်ကြီးပါ ရှိနေတာပဲဆိုတဲ့ ‌မောင့်ရဲ့အပြောကောင်းမှုကြောင့် Taehyung လက်ခံလိုက်ရတော့တာပါပဲ။

" မေ့သားလေး ချောနေလိုက်တာ ! "

အဖြူရောင်အနောက်တိုင်းဝတ်စုံလေးနဲ့ ချောမောနေတဲ့ Taehyungကိုကြည့်ရင်း အမေကဆိုတယ်။

မှန်မှာပေါ်နေတဲ့ သူ့ကိုယ်သူပြန်ကြည့်ရင်း မောင်လည်းဘယ်လိုနေမလဲသိချင်နေတယ်။ အခုဆို မောင်နဲ့မတွေ့ရတာ သုံးရက်တောင်ရှိနေပြီ။ နှစ်ဖက်မိဘတွေရဲ့ သတို့သားနှစ်ယောက် မင်္ဂလာမဆောင်ခင် ရက်ပိုင်းမှာ မတွေ့ရဘူး ဆိုတဲ့အမိန့်ကို နာခံနေရတာပင်။

Hawaiiကို လာတာတောင် မောင်တို့မိသားစုက ပွဲအတွက်ပြင်ဆင်ဖို့ အရင်ရောက်လာကြပြီးမှ Taehyungတို့လိုက်လာခဲ့တာ။ ဧည့်သည်ကတော့ အရင်းနှီးဆုံးမိတ်ဆွေတွေကိုပဲ ဖိတ်ဖြစ်ခဲ့ကြတယ်။ Park Bogumကတော့ မပါမဖြစ်မို့ သိပ်မလိုက်ချင်ရှာတော့ လေယာဉ်လက်မှတ်ဖြတ်တာတောင် သူမသိလိုက်ဘူး။ မြန်ချက်က။

" ဟာ!! ငါတို့Taehyungကြီး လှချက်ကွာ!! "

" မင်းမေကြီးတော် လှတာလား !!! ချောတယ်ဆိုရပြီ "

Bogumစကားကို မကျေမနပ်ပြန်ပြောလိုက်တယ်။

" အန်တီရေ! အန်တီ့သားက Sold outသွားပြီ ! အန်တီ့မှာ ကျွန်တော်ပဲရှိတာ ယုံပြီလား! အဲ့ဒီ့Taehyungကို လွှတ်ထားလိုက်တော့ ! ကျွန်တော်ပဲ အန်တီ့သားလုပ်တော့မယ် ”

Bogumက Taehyungအမေကို ဖက်ရင်း ပြောတော့ သူမက သဘောတကျရယ်မောနေတယ်။

Taehyungကအမြင်ကပ်စွာ Bogumခြေထောက်ကို ကန်ထုတ်လိုက်တယ်။

" အာ့!! နာတယ်ကွ ! "

" နာအောင်လုပ်တာလေ! မင်းဘာသာမင်း ရည်းစားတောင်မရ‌သေးဘဲနဲ့ ! ငါ့လိုsold outချင်ရင် ရည်းစားရအောင်အရင်လုပ် ! "

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now