Unicode-
📨ထယ် အိပ်တုန်းလား...မောင် အတန်းသွားတက်တော့မယ်နော်📨
📨မောင် ထယ့်ကိုလွမ်းနေပါတယ်...အတန်းပြီးရင် ဖုန်းဆက်လိုက်မယ်နော် ချစ်တယ်📨
အိပ်ယာနိုးနိုးချင်း ဖုန်းထဲဝင်နေတဲ့ Messageလေးကြောင့် နေ့သစ်တစ်နေ့ရဲ့ မနက်ခင်းကို အပြုံးနဲ့အစပြုရတော့တာပေါ့။
ငါလည်း လွမ်းနေရပါတယ် မောင်~~
မောင်သူ့အနားမှာမရှိတဲ့ ပထမဆုံးမနက်ခင်းမှာ သူ့အတွက် breakfastဖြစ်တဲ့ မောင်သိပ်ကြိုက်တဲ့ထမင်းကြော် ကို ထမင်းစားပွဲမှာ တစ်ယောက်တည်း စားနေခဲ့တယ် ။
ဟိုအရင်အချိန်တွေက သူ့ကိုယ်ပိုင်တိုက်ခန်းလေးထဲမှာတစ်ယောက်တည်းဖြတ်သန်းခဲ့ပေမယ့်လို့ မောင်ရောက်လာတဲ့အချိန် အမြဲအတူရှိနေခဲ့ကြတော့ ရုတ်တရက် မောင်ကအနားမှာရှိမနေတဲ့အခါ တစ်ယောက်တည်းနေရတာ အထီးကျန်သလိုပါပဲ။
________
တက္ကသိုလ်ရဲ့ပထမဆုံးနေ့မှာ အတန်းထဲ စောရောက်နေခဲ့တယ် ။ Kim စုံတွဲကတော့ နောက်မှရောက်လာတယ် ။ အခုချိန် သူ့ရဲ့ ထယ်ရော နိုးလောက်ပြီထင်လား ။
Messageပို့ထားပေမဲ့ စာမပြန်ထားတာကြောင့် မနိုးလောက်သေးဘူးထင်တယ် ။
ခနနေတော့ ဆရာမတစ်ယောက်ဝင်လာပြီး သင်ခန်းစာတွေပို့ချတယ် ။ ပထမနှစ်ကျောင်းသားတွေဖြစ်တာကြောင့် ဆရာမကတော့ ရင်းရင်းနှီးနှီး ပြောဆိုပေးတယ် ။ Stateကျောင်းက ဆရာတွေလောက် မဆိုးတာပဲကျေနပ်မိပါတယ် ။
စာအုပ်မှာ ရှေ့ကသင်နေတဲ့အကြောင်းအရာတွေကို လိုက်မှတ်နေရင်း ဘေးကပွစိပွစိအသံတွေကိုကြားနေရတယ် ။ လှည့်ကြည့်လိုက်တော့ Kimစုံတွဲက မုန့်ခိုးစားနေကြတာ။ စားသူက Seokjinဖြစ်ပြီး Namjoonက ခွံ့ကျွေးနေတာဖြစ်သည်။ ဒီအတွဲနဲ့လဲ စိတ်လေပါတယ် ။
အတန်းသုံးချိန်လောက်တက်ပြီးတော့ ညောင်းတာနဲ့လမ်းလျှောက်ဖို့ အပြင်ထွက်လာခဲ့တယ်။
ထယ့်အသံလေးကြားချင်တာကြောင့် ဖုန်းခေါ်လိုက်တော့ ချက်ချင်းပဲကိုင်တယ်။ တစ်ဖက်က မောင် ဆိုတဲ့အသံလေးကနားထဲဖြတ်ပြေးသွားတာနဲ့ Jungkookတို့နှုတ်ခမ်းထက် အပြုံးတို့ကဖြစ်တည်လာရတယ်။

YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanfictionထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...