" 🎶🎵ငွေသော်တာရောင်ခြည်~~ထိန်လင်းတော့သည်🎶ဘုံကြိုးပျက်တဲ့ မိုးနတ်မဒီ🎵🎵 သဒ္ဓါကပိုသည် ~~ ဆရာလေး ကိုပဲ~~အသည်းစွဲအောင်~~ ချစ်မိသည် ~~🎶🎵 "
" ဆရာလေးက ငါ့အပိုင်ပါ ဆရာလေးကိုပဲ ချစ်ပါတယ် ဆရာလေးကလွဲပြီး ဘယ်သူ့ကိုမှစိတ်မဝင်စားပါ ရို့ ရို့ ရို့ "
ကျောင်းသွားခါနီး ပြင်ရင်းဆင်ရင်း ဆရာလေး တနေတဲ့ Jungkook .. ကျောင်းဖွင့်ပြီဆိုတော့ ဆရာလေးနဲ့တွေ့ရပြီလေ။ အဲ့ဒီ့တော့ ဒီက Jeon Jungkookက ပျော်ပြီလေ။
ဘဝမှာအရေးကြီးဆုံးက ဆရာလေး ပါ ~~~
______________
ကျောင်းကိုရောက်တော့ အတန်းထဲမဝင်ခင် ဟိုနှစ်ကောင်ကို Canteen မှာ ထိုင်စောင့်နေလိုက်တယ်
လျှောက်မသွားဘူးလား လို့လာမမေးနဲ့ ..
Jeon Jungkook တို့က ဆရာလေး ကိုချစ်မိသွားတဲ့အချိန်ကတည်းကစပြီး ကျောင်းကိုအချိန်မှန်တက်တဲ့အထိကို လိမ္မာသွားပါပြီ ။Canteenမှာထိုင်စောင့်နေတုန်း ကျောင်းထဲဝင်လာတဲ့ ကားတစ်စီး ။
ကားပေါ်ကနေ ဆင်းလာတဲ့လူကိုမြင်တော့ Jungkook တစ်ယောက် မျက်စိနှစ်လုံးပြူးသွားတယ် ။ အဲ့ဒါတင်မဟုတ် driverဘက်ကနေထပ်မံဆင်းလာတဲ့ လူလည်းတွေ့ရော တစ်ဆက်တည်းမှာပင် မျက်စိမျက်နှာပျက်သွားရတယ်။
ဆရာလေး Kim Taehyung က သူ့ရဲ့ပြိုင်ဘက်လို့သတ်မှတ်ထားတဲ့ဆရာ Park Bogum နဲ့အတူ ရောက်ချလာတာလေ ။
သူ့ဘက်က ဘာမှတောင်မလုပ်ရသေးခင် ဆရာလေး တခြားလူလက်ထဲ ရောက်သွားတော့မယ်....
အားးးးးးး Jeon Jungkook မနာလိုတယ် မကျေနပ်ဘူး!!!!!!!!!
* ဒုန်း ! *
" ဟ! ဘာထဖြစ်တာလဲ မျောက်ရဲ့ "
" အားးးးးးးးးးး!!!!!!!!!! "
စားပွဲခုံကို ဒေါသနဲ့ ထုချလိုက်တော့ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ Jimin နဲ့Hoseok က အလန့်တကြားထအော်သည် ။
" အားးးးးး!!!!! "
" ဟေ့ကောင် !!! ဘာလို့အော်နေတာလဲ "
Hoseokကသူ့မူပိုင်အသံပြဲကြီးနဲ့အားးခနဲအော်နေတာများ လုံးဝမရပ်။ Jungkookကတောင် ပြန်လန့်ရလို့ မနေနိုင်တဲ့Jiminကပဲ ပိတ်အော်ပစ်လိုက်သည်။

YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanficထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...