-4-

987 48 31
                                    

Unicode-

Jungkook ဒီနေ့ တက်ကြွတဲ့ကြက်ဖလေးလိုဖြစ်နေသည် ။ ခွက်ရှ်ကြီးနဲ့ နီးစပ်မဲ့ ဒုတိယမြောက်ခြေလှမ်းက အောင်မြင်ဖို့နီးစပ်နေပြီ ။

ကျောင်းကပြန်လာလာချင်း ခဏနား ၊ပြီးတာနဲ့ ရေမိုးချိုးပြီး သန့်ပြန့်နေအောင် ပြင်ဆင်နေသည် ။ အရင်လို ပစ်စလက်ခတ် နေလို့မရတော့ဘူးဆိုတော့ ကောင်းကောင်းမွန်မွန် ဝတ်ထားစားထားလိုက်တယ် ။

တစ်ခါမှ ရှင်းဖို့လင်းဖို့မျက်စောင်းတောင်လှည့်မထိုးဘူးတဲ့ကိုယ်ပိုင်အခန်းကို သန့်ရှင်းနေအောင်လုပ်ပြီးအမွှေးနံ့တွေပါ ဖျန်းထားတာများ မွှန်ထူနေပြီ ။

အရင်ကဆို အိမ်တော်ထိန်း အဒေါ်ကြီးဖြစ်ဖြစ် ၊အမေပဲ ဖြစ်ဖြစ် လမ်းကြုံရင် ဝင်ရှင်းပေးနေကျ ။ ဒီနေ့တော့ သူ့စိတ်တိုင်းကျ အခန်းကိုလုပ်ချင်တိုင်းလုပ်နေသည် ။

7နာရီ ဒေါင် ဆိုတာနဲ့ အိမ်ရှေ့မှာ ရစ်သီရစ်သီ လုပ်နေသည်။ မနေနိုင်တော့တာနဲ့ ခြံထဲဆင်းပြီး ခြံတံခါးရှေ့ ငုတ်တုတ်သွားထိုင်နေလေသည် ။

သား ဖြစ်ပျက်နေတဲ့ပုံကြည့်ပြီး ဒီအမေ မျက်စိတွေနောက်နေပြီ ဖြစ်သည် ။
အရင်က စာဆို စာကလေးတောင် မကြိုက်တဲ့ သားက အခု စာလုပ်ရမယ်ဆိုပြီး Guideငှားထားတယ်တဲ့လေ ။

ဘာတွေကြံစည်နေလဲ မသိတဲ့သားကြောင့် အမေ့မှာ မျက်ခုံးလှုပ်နေပြီ ။ သူမသားအကြောင်း နှောကျေနေပြီဆိုပေမဲ့ ဘာလုပ်လုပ် လန့်နေရမြဲ.။

ခြံတံခါးနားမှာ ငုတ်တုတ်ထိုင်နေတဲ့ သား ကိုမနည်းဆွဲပြီး အိမ်ထဲခေါ်ထားလိုက်ရသည် ။ အိမ်ထဲမှာစောင့်လဲ ရရဲ့သားနဲ့ကို ဒီသားနဲ့တော့ ခက်တော့တာပဲ...။

အိမ်ထဲရောက်တော့လည်း ငြိမ်ငြိမ်မနေတဲ့ Jungkook ကို သူမ လက်ရောခြေပါမြှောက်ပြီး လွှတ်ထားလိုက်တော့သည် ။

ဘယ်ကတည်းက စာကိုဒီလောက်ထိ စိတ်ဝင်စားသွားရတာလဲ!!!!!

"အဲ..လာပြီထင်တယ် hee~~"

ခဏကြာတော့ ခြံရှေ့က ဘဲလ်သံကြားတာနဲ့ ပြေးထွက်သွားတာများ လှစ်ခနဲ ။

ဘယ်လောက်မှမကြာ အိမ်ထဲပြန်ဝင်လာတဲ့ သားကိုကြည့်လိုက်တော့ ခုနကနဲ့မတူ ။
ဇီးရွက်လောက်မျက်နှာ နဲ့ ပြိုတော့မဲ့မိုးလို ဖြစ်နေတဲ့ ရုပ်ကြောင့် သူမတောင်ကြောင်သွားသည် ။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now