Unicode-
အခုချိန်ထိ ဖြစ်ပျက်ခဲ့တာတွေက ရည်ရွယ်ချက်ရှိရှိဖြစ်ပျက်သွားခဲ့တာတွေပဲ လို့စိတ်ထဲမှာတထစ်ချ မြင်နေမိတယ် ။
မဖြစ်နိုင်ဘူး ဆိုတာထက် မသင့်တော်တာမို့ ဘာမှမသိနားမလည်သေးတဲ့ ကလေးတစ်ယောက်ထက် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်နေပြီဖြစ်တဲ့ သူ့ကိုယ်တိုင်က ထိန်းလိုက်မယ်ဆိုရင် အားလုံးအဆင်ပြေသွားမှာပဲ ။
အချိန်တစ်ခုလောက် မတွေ့ဖြစ်ကြရင် စိတ်ထဲကမမြင်ရတဲ့အစိုင်အခဲတစ်ခု သူ့အလိုလိုပျောက်ကွယ်သွားလိမ့်မယ်။
" hello ! Taehyung မင်းဘယ်တော့ပြန်လာမှာလဲ "
သေချာစဉ်းစားချင့်ချိန်ပြီး ကျောင်းပိတ်ရက်လည်းဖြစ်နေတာနဲ့ မိဘတွေရှိတဲ့မြို့ဆီပြန်ခဲ့တာ သုံးရက်လောက်ရှိပြီ။
" ပြန်လာခဲ့မယ် သန်ဘက်ခါလောက် "
" အေး အေး! မင်းမိဘတွေရော နေကောင်းကြတယ်မို့လား "
" ကောင်းတယ် အမေကမင်းကိုတောင်မေးနေသေးတယ် "
" ဟုတ်ပါပြီ.. ငါကောင်းကောင်းနေနေပါတယ်လို့အဒေါ့်ကိုပြောလိုက်ပါဦး အော် ဒါနဲ့ "
" အင်း "
" Jeon Jungkook တစ်ယောက် မင်းကိုမေးနေတယ် ဟိုးတနေ့ကလည်း မင်းကိုငါ့ဆီလာရှာသွားတယ် သူ့ပုံက အလောတကြီးပဲ မင်းတို့ဘာဖြစ်ထားကြလို့လဲ "
" ..... "
Bogumရဲ့အမေးကို ပြန်မဖြေဘဲ တိတ်ဆိတ်နေမိတယ် ။ အမှန်ပဲ သူ့မိဘတွေဆီပြန်တာကို Bogumတစ်ယောက်တည်းကို အသိပေးခဲ့တာ။
" Taehyung ! Kim Taehyung!! "
" ဟမ်! အော်! အေး "
" ငါမေးနေတယ်လေကွာ "
" အော်! ဘာမှမဖြစ်ပါဘူး ငါဒီရောက်နေတာ သူ့ကိုမပြောထားဘူး "
" အဲ့ဒါဆိုလည်းပြီးရော... ဒါဆို ငါဖုန်းချလိုက်တော့မယ် ! "
" ok သူငယ်ချင်း ! "
တစ်ဖက်က ဖုန်းကျသွားပြီဆိုသော်လည်း Taehyungဖုန်းကို သူ့လက်ထဲကမချဘဲ ငြိမ်နေလေသည် ။
______
တစ်ဖက်မှာတော့
မျောက်အမေကြီး မျောက်သားပေါက်လေး ပျောက်သွားသည့်အလား Jeon Jungkookတို့ ဘာသတင်းမကြားရတဲ့ဆရာလေးကြောင့် တဆွေ့ဆွေ့ခုန်နေတယ် ။

YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanficထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...