-12-

920 37 27
                                    

Unicode-

" ဒီအပုဒ်နားလည်ပြီလား....ရရင် နောက်တစ်ပုဒ်တက်မယ် "

Taehyungက ထုံးစံအတိုင်း ညရောက်တော့ Jungkookအိမ် စာလာပြတယ်။

အရင်လိုမဟုတ်တော့ Jungkookတို့ အရမ်းတွေသဘောကျနေပေမဲ့ Taehyungကတော့ နည်းနည်းတစ်မျိုး...။ အင်းး...မသိရင် ယောက္ခမအိမ်တက်နေရသလို ခံစားချက်ကြီး။ ဒါပေမဲ့ တူတူပါပဲလေ ယောက္ခမအိမ်ပါပဲ ။

" မောင်.. "

" အွန်း "

Jungkookက စာရေးနေရင်းပြန်ဖြေတယ်။

" ငါ ဒီနေ့ တကယ်လန့်သွားတာ "

" အာ...မောင် သတိတစ်ချက်လွတ်သွားမိတာ..စိတ်မကောင်းပါဘူး "

" မောင်နော်! သူ့ကိုအကူအညီတောင်းကာမှ ပိုဆိုးနေတယ် "

" ဟဲဟဲ...ရုတ်တရက်ကြီးဆိုတော့ ဘာလုပ်ရမလဲမသိတော့လို့ "

" ထားပါတော့...စာရေးလို့ပြီးပြီလား "

" အွန်း..ပြီးပြီ "

အနားကိုရောက်လာတဲ့ မောင်ကြောင့် Taehyung လန့်သွားတယ်။ မျက်နှာကိုပါအနားကပ်လာတာမို့ သူ့ကိုယ်ကို  အနောက်ကိုတဖြည်းဖြည်းဆုတ်မိတယ်။

" ဘာ..ဘာလုပ်တာလဲ "

" စာပြီးပြီ..ဆုချတော့ "

" ဘာဆု..ဘာဆုလဲ မောင် "

မျက်လုံးကြီးမှိတ်ပြီး နှုတ်ခမ်းစူကာ တပြွတ်ပြွတ်လုပ်ပြတာကြောင့် မျက်နှာတွေပူတက်လာသည်။

" အိမ်ထဲမှာကို.. အန်တီတို့ရှိတယ်‌လေ.. "

" ဘယ်သူမှမသိပါဘူး..မာမီကဒီချိန်TVကြည့်နေတာ.. "

" ဒါပေမဲ့..တက်လာရင်ဘယ်လိုလုပ်မလဲ "

" စိတ်ချ..မာမီ အဲ့လောက်အာရုံမလာဘူး

" မင်းနော် လူကြီးကို.! "

" ထယ်ကလည်း.. တစ်ခါပဲလေ."

" ဟင့်အင်း "

" တစ်ခါပဲနမ်းမှာပါ "

" ဟင့်အင်း "

Jungkookပြောသော်လည်း သူ့ထယ်ကငြင်းမြဲငြင်းဆဲ..။ စိတ်ရှိတဲ့အတိုင်းဆို ထယ့်ကို ဆွဲချုပ်ပြီး နမ်းပစ်လိုက်လို့ရတယ်။ သို့သော် မလုပ်ရက်လို့သာ ခွင့်တောင်းနေရတာ။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now