Unicode-
ထယ့်ဆီမှ လက်မထပ်ချင်သေးဘူး ဆိုတဲ့စကားကြားကြားချင်း သူအံ့ဩသွားခဲ့တယ်။ စစချင်းက ဘာကြောင့်လဲမေးတာကို မဖြေတာမို့ Jungkook ထယ့်အပေါ်စိတ်ဆိုးမိပြီး စကားမပြောဖြစ်တော့ဘူး။
တကယ်တမ်း ထယ် လက်မထပ်ချင်သေးတာ သူ့ကြောင့် ဖြစ်နေခဲ့တာပဲ။
ကျောပေးထားတဲ့ကိုယ်လေးကို ဆွဲလှည့်ပြီး ရင်ခွင်ထဲထည့်ထားမိတယ်။
" မောင့်ကိုမယုံဘူးလား...မောင်ကရော မင်းကို အထိခိုက်ခံမယ်ထင်လို့လား... "
ရင်ခွင်ထဲက တသိမ့်သိမ့်တုန်နေတဲ့ ကိုယ်လေးကို ပိုမိုတင်းကြပ်စွာဖက်လိုက်သည်။
" မောင် အခုလိုအမြန်ဆုံး လက်ထပ်ဖို့တိုက်တွန်းတယ်ဆိုတာ မောင်ထိခိုက်မှာထက် ထယ့်ကိုပိုပြီးတွေးလို့ပဲ..ထယ့်ကို အမြင့်မှာထားနိုင်မယ်...မောင့်အပိုင်လေးဆိုတာ တစ်လောကလုံးသိအောင် ကြေညာချင်လို့ပါ..ဒါမှ ထယ့်ကို မောင့်ဆီကနေ ဘယ်သူ့မှမလုနိုင်အောင် ကာကွယ်နိုင်မှာ~~ "
ကျောပြင်ကိုပြန်လည်ဖက်တွယ်လာတဲ့ လက်တစ်စုံကြောင့် ပြုံးလိုက်ပြီး ရင်ခွင်ထဲကခေါင်းလေးကို လက်ကလေးနဲ့တဖွဖွ ပုတ်ပေးမိတယ်။
" မောင့်ကို ယုံပေးမယ်မလား ထယ်~~ ဟင်! "
မျက်နှာလေးပေါ်က မျက်ရည်စတွေကို သုတ်ပေးကာ ပါးနှစ်ဖက်ကိုအုပ်ကိုင်ပြီး အနူးညံ့ဆုံးလေယူလေသိမ်းဖြင့်။
" ဟင်! ထယ်လို့~~ မောင့်ကိုယုံပေးမယ်မလား"
" ငါ... "
" အွန်း.. "
" ငါ..ငါ မောင့်ကို ယုံပါတယ် "
" မောင်နဲ့လက်ထပ်ကြမယ်လေနော်..မောင်တို့ အိမ်ထောင်သည်ဘဝကို ခြေလှမ်းစကြည့်ရအောင်လေ..မောင် ထယ့်ကိုစောင့်ရှောက်ပေးမယ်..နော် ! "
Taehyung ရဲ့ မျက်လုံးတွေကိုစိုက်ကြည့်ရင်း ပြောလာတဲ့မောင် ။ မင်းရဲ့စိတ်အားထက်သန်မှုတွေကို မြင်နေရမှတော့ ငါဘယ်လိုစိတ်နဲ့ ငြင်းရက်ပါတော့မလဲ မောင်ရယ်။ အဲ့ဒီ့လောက်ထိ ငါမောင့်အပေါ် ရူးသွပ်နေမိတယ် ထင်ပါရဲ့။

YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fiksi Penggemarထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...