Unicode-
" ပင်ပန်းလိုက်တာ ထယ်ရယ်... မင်းရဲ့မောင် အရမ်းပင်ပန်းနေတယ် "
" အဲ့ဒီ့တော့ မောင်ကဘာလုပ်ချင်လဲ..ငါမောင့်ကိုဘာလုပ်ပေးရမလဲ "
Taehyungရဲ့ဗိုက်နားမှာ ခေါင်းအပ်ထားရင်းတင်းကြပ်နေအောင်ဖက်လို့ ငြီးညူစွာပြောနေတဲ့မောင့်ရဲ့ခေါင်းလေးကို ငြင်သာစွာပွတ်သပ်ပြီး မေးလိုက်သည်။
" မောင့်ကို အမောပြေအနမ်းလေးမပေးချင်ဘူးလား ထယ်~ "
Taehyungကိုမော့ကြည့်ပြီး မျက်နှာမဲ့ကာတောင်းဆိုလာတဲ့မောင့်ကြောင့် သူလည်းခေါင်းငုံ့လိုက်ပြီး မောင့်နဖူးဆီအနမ်းတစ်ပွင့်ပေးလိုက်တယ်။
" ကျေနပ်ပြီလား "
" ဟွန်း~~ မောင်က အဲ့လိုအနမ်းလိုချင်တာမှမဟုတ်တာ "
" ဟင်?? မောင်ကဘယ်အနမ်းကိုလိုချင်လို့လဲ"
" ထယ်နော်! သိရဲ့သားနဲ့ ဟင့်! "
ကလေးလေးလို ပြုမူနေတဲ့မောင့်ကိုကြည့်ပြီး တခစ်ခစ်နဲ့ရယ်လိုက်မိတယ်။ သိပ်အသည်းယားဖို့ကောင်းတာပဲ မောင်က။
" ဟုတ်ပြီ ဟုတ်ပြီ! ကလေးလိုလုပ်မနေနဲ့တော့"
အဲ့ဒီ့နောက် Taehyungလည်း မောင်ကျေနပ်တဲ့အထိ မောင့်နှုတ်ခမ်းပါးတွေကို စိတ်ကြိုက်နမ်းရှိုက်ပေးလိုက်သည်။ မောင်ကထယ့်အနမ်းတွေကိုပြန်တုံ့ပြန်ရာမှာတော့ သူစိတ်ကျေနပ်မှပဲ ထယ့်နှုတ်ခမ်းတွေလည်းအနားရတော့သည်။
" မောင်ဘာစားချင်လဲ..ကိုယ်ဘာလုပ်ပေးရမလဲ..စားချင်တာရှိလား..မောင်ကပင်ပန်းနေတယ်ဆိုတော့ ကိုယ်လုပ်ပေးနိုင်တာတစ်ခုခုများရှိမလားလို့လေ "
" မောင်စားချင်တာလား..မောင်စားချင်နေတာတစ်ခုတော့ရှိတယ် "
" အွန်း! ပြော "
" ထယ့်ကိုလေ ! "
" မောင် ! "
Jungkookက ရုတ်တရက်ထထိုင်ပြီး Taehyungကို အိပ်ရာပေါ်တွန်းချကာ ကျောပြင်နဲ့ကပ်နေအောင်ကို အပေါ်ကနေဖိထားတယ်။
" ကောင်စုတ်လေး..ငါကအကောင်းမှတ်လို့ "
" ဟဲဟဲ! "
YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanfictionထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...