Unicode-
တက္ကသိုလ်တက်ရမဲ့ ရက်နီးလာတော့ Jungkookအတွက် လိုအပ်တာတွေမှန်သမျှ Taehyung က စီစဉ်ပေးတယ် ။
Jimin နဲ့ Hoseok တို့က အက ကိုဝါသနာပါတာကြောင့် အနုပညာမေဂျာကို ယူကြသည် ။ စီးပွားရေးမေဂျာကိုကူးသွားတဲ့ Jungkookကို ချောင်းရိုက်မယ်တောင်လုပ်နေကြတာ ။ ကြီးလာရင် တက္ကသိုလ်ကိုလည်း သုံးယောက်တူတူတက်မယ်လို့ပြောထားကြပြီး Jungkook ကခွဲထွက်သွားတာမို့ နှစ်ယောက်သား စိတ်ဆိုးနေကြတယ် ။ Jungkookလည်း အနုပညာကိုဝါသနာပါပါတယ် ။ ဒါပေမဲ့ သူ့ရှေ့ရေးအဆင်ပြေဖို့ ဒယ်ဒီပြောတဲ့အတိုင်း လက်ခံလိုက်ရတာပင် ။ သူ့မှာ ထယ် တစ်ယောက်လုံးရှိသေးတယ်လေ ။
သူတို့နှစ်ယောက်ကို သေသေချာချာရှင်းပြလိုက်တော့Park Jiminက အေးအေးဆေးဆေး လက်ခံလိုက်ပေမဲ့ ပိုဆိုးသွားတာက Jung Hoseokဖြစ်လေသည် ။
ပြန်ပြောလာတဲ့စကားကြောင့် Jiminအပြင် သဘောရိုးနဲ့ပြောလိုက်တဲ့ Jungkookကပါ ရယ်မိသွားတယ် ။! မင်းတို့ငါ့ကို ရည်းစားမရှိဘူး ဆိုပြီး ဖဲ့လိုက်တာမဟုတ်လား ! တဲ့ ။
အဲ့ဒီ့လိုသဘောမျိုး ပြောတာမဟုတ်ပေမဲ့လည်း အဲ့ဒီ့လိုထင်သွားရတာကြောင့် Hoseokကို ဟော့ပေါ့ဝယ်ကျွေးလိုက်မှ ကိုယ်တော်က ငြိမ်သွားတယ် ။ ဒါတောင် ဟော့ပေါ့မျက်နှာကြောင့်လုပ်သေးတာ ။
အဲ့ဒီ့နောက် Jungkookက စာမေးပွဲအောင်တဲ့အထိမ်းအမှတ်နဲ့ ဒယ်ဒီ့ဆီကလက်ဆောင်ရထားတဲ့ ကားလေးကိုစီးပြီး သုံးယောက်သား လျှောက်လည်ကြတယ် ။ သက်ဆိုင်သူကိုယ်စီရှိတဲ့ Jimin နဲ့ Jungkookကတော့ သေချာပေါက် သူတို့လူကြီးတွေဆီကခွင့်ပြုချက်တောင်းလိုက်ရတာပေါ့ ။ အိမ်ပြန်ရောက်တော့ 9နာရီထိုးသွားပြီ ။
မာမီကနေ ! Taehyung ဖုန်းဆက်တယ် မင်းဖုန်းမကိုင်လို့တဲ့ ပြန်ဆက်လိုက်ဦး ! လို့ပြောတာကြောင့် ပြန်ရောက်ရောက်ချင်း ထယ့်ကိုဖုန်းဆက်ဖို့လုပ်တော့ နီရဲနေတဲ့ Missed callတွေကိုမြင်မှ ဖုန်းကိုအသံပိတ်ထားမိမှန်းသိတော့တယ် ။
သူတို့သုံးယောက် လျှောက်လည်ကြရင်း တခြားသူငယ်ချင်းတွေနဲ့ပါ ဆုံတာကြောင့် ဟိုကောင်တွေကတစ်ခွက် ၊ တစ်ခွက်ဆိုပြီးအတင်းတိုက်လိုက်သေးတာမို့ ဗိုက်ထဲမှာ အရည်လေးကနည်းနည်းဝင်သွားပေမဲ့ အသိစိတ်ကတော့အပြည့်ရှိတယ် ။
![](https://img.wattpad.com/cover/310946698-288-k99763.jpg)
YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanfictionထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...