Unicode-
"အား!!! လန့်တာကွာ! ချီးပဲ"
ရင်ဘတ်ကိုဖိကာ မျက်လုံးကြီးမှိတ်ပြီး ကျိန်ဆဲမိသွားတဲ့ Hoseok ။
နဂိုကတည်းက အသည်းငယ်တဲ့သူပါ ဆိုနေမှ ဒီကောင်နဲ့တော့ သူလန့်ပြီးလိပ်ပြာလွင့်မှာ ။Hoseokအသံကြားတော့မှ မော့ကြည့်မိလိုက်တဲ့Jiminမှာစားနေရင်းတန်းလန်း ပေါင်မုန့်လေးတောင် မြေပြင်ပေါ်သို့ ဖုတ်ခနဲ ။
"ဟေ့ကောင်!! မင်းဘယ်သူလဲ?ဘာကြီးလဲ!!"
Jimin အော်ပြောပစ်လိုက်သည် ။
မျက်လုံးတစ်ဖက်စီမှာ အညိုရောင်သမ်းနေတဲ့အကွင်းနှစ်ခုစီနဲ့လူတစ်ယောက် ။ လူနဲ့တူသလိုလိုရှိပေမဲ့ ရှုပ်ပွနေတဲ့ကြွက်သိုက်လိုဆံပင်နဲ့ ကို့ရို့ကားယားနိုင်အောက်ဝတ်စားထားတဲ့အဝတ်အစားကြောင့် လူရုပ်ကမပေါက် ၊ သူတို့အသိနဲ့ဆင်သလိုလိုရှိပေမဲ့လည်း ဘယ်သူမှန်း မှန်းဆလို့မရပေ ။ ပြီးတော့ သူတို့အသိထဲမှာလည်း ထိုသူလို ပုံစံမျိုး တစ်ယောက်တောင်မရှိ။"ခွေးလေးတွေ! ငါပါကွ! ငါ Jeon Jungkook!!! ကိုယ့်သူငယ်ချင်းတောင် ကိုယ်မသိကြတော့ဘူးလား!!!"
"ဘာ! Jeon Jungkook!!!!!!!"
သူငယ်ချင်းနာမည်ကြားလိုက်ရတော့ အံ့ဩလွန်းလို့ အသံတောင်ကျယ်သွားရတယ်
အာပြဲနှစ်ယောက်အော်ချလိုက်တော့ Jungkookခမျာ သူတို့အသံကြောင့် ထခုန်မိမတတ် လန့်သွားမိသည် ။ လန့်သွားတာလည်းမပြောနဲ့လေ လမ်းပေါ်ကလူတွေတောင် သူတို့သုံးယောက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြတယ် ။
"အေး! ငါ မင်းတို့သူငယ်ချင်း Jungkook"
"Jung-Jungkook??"
နောက်တော့ Hoseok နဲ့ Jiminက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အော်ရယ်ကြလေသည် ။
"ဟေး ဟေး ဒါနောက်စရာမဟုတ်ဘူးကွ! နောက်စရာရှားလို့ ရာရာစစ ငါ့သူငယ်ချင်းနာမည်ကို ယူသုံးရလား!!"
"အေးလေ အေးလေ ဟွန်း"
Hoseokတစ်ယောက် ဒေါသထွက်လာတော့ စိတ်တိုတိုနဲ့ ဘာမှန်းမသိတဲ့ထိုလူကို အော်ငေါက်ပစ်လိုက်တော့ Jiminကပါ သံယောင်လိုက်သည် ။
YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanfictionထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...