-31-

732 37 12
                                    

Unicode-

Jungkook အိပ်ရာနိုးတော့ ရင်ခွင်ထဲက အနွေးဓာတ်လေး မရှိတော့တာကြောင့် အလန့်တကြား ထထိုင်မိသွားတယ်။

အခန်းထဲက ထွက်ပြီးလိုက်ရှာမိတော့ မီးဖိုချောင်က ကျောပြင်လေးကြောင့် Jungkook အနားကိုသွားကာ နောက်ကနေဖက်တွယ်လိုက်တယ်။

" အို့! မောင် နိုးပြီလား "

Taehyungရဲ့ပုခုံးပေါ် ခေါင်းကိုတင်လို့ မှေးနေတဲ့Jungkook။

" အိပ်ချင်သေးရင် သွားအိပ်လေ! စောသေးတယ်...‌နောက်မှလာနှိုးမယ် "

" ထယ်က ဘာလို့အစောကြီးထသွားတာလဲ...ထယ်မရှိတော့ မောင်မအိပ်တတ်တော့ဘူး"

" ငါဆက်အိပ်လို့မရတော့လို့ပါ...မောင်သွားအိပ်ချင်အိပ်လိုက်ဦး... "

" မအိပ်တော့ပါဘူး... "

Taehyung နှုတ်ခမ်းကို နမ်းပြီးနောက် ပါးကိုလည်း နစ်ဝင်သွားတဲ့အထိ ဖိကပ်နမ်းရှိုက်လာတယ်။

" ဘယ်လိုဖြစ်နေတာလဲ... ညစ်ပတ်ကြီး မျက်နှာလည်းမသစ်ရသေးဘဲနဲ့ "

" အဲ့ဒီ့တော့ ဘာဖြစ်လဲ! နမ်းမှာပဲ "

တစ်ဖန် နောက်ကျောကနေ လက်တစ်ဖက်နဲ့ပါးကိုဆွဲယူကာ တမွမွလုပ်နေတဲ့ မောင်။

" မင်းနော်!! "

" ချစ်လို့နမ်းတာကို ဘာဖြစ်တာလဲ "

" ကဲ! တော်သင့်ပြီ! မအိပ်တော့ရင်လည်း မျက်နှာသွားသစ်တော့ မနက်စာပြင်ထားမယ်"

" အင်း အင်း "

______

Jungkook က မနက်စာစားပြီးသွားတော့ Taehyungရဲ့ပန်းကန်ကိုပါယူကာ ဆေးဖို့ပြင်သည်။ လက်မထပ်ရသေးပေမယ့် သူတို့ဟာ Living together စုံတွဲဖြစ်လို့ Jungkookက Taehyungမပင်ပန်းရအောင် တာဝန်တွေကိုခွဲယူပေးတယ်။ အပိုလူမခေါ်ချင်တာကြောင့် အိမ်မှုကိစ္စကို နှစ်ယောက်ခွဲပြီး တာဝန်ယူထားပေမယ့် အလုပ်အားလုံးနီးပါး Jungkookကပဲလုပ်သွားတာများသည်။ Taehyungကို ဘာမှမလုပ်ခိုင်းသလောက်ပင်။

" မောင် ! ထားလိုက် ငါဆေးလိုက်မယ် "

" ‌နေပါ! မောင်ပဲဆေးနေကျကို "

" ငါဆေးမယ်လို့ "

Taehyung က ပန်းကန်ကို ဆွဲယူပြီး ဘေစင်မှာဆေးဖို့ပြင်သည်။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now