Unicode-
ကျောင်းတွေပြန်ဖွင့်တဲ့အခါ Kim Taehyungလဲ ကျောင်းတစ်ဖက်နဲ့အလုပ်တွေများနေပြီဖြစ်သည် ။
မောင့်ဆီကို တစ်လတစ်ခါတော့ အရောက်သွားပေမဲ့ မအားလပ်တဲ့ရက်တွေဆက်လာတဲ့အခါ နှစ်လနေလို့ တစ်ခါတောင်မရောက်ဖြစ်တော့ပါ။ ဒီလိုနဲ့မောင်နဲ့Taehyungတို့နှစ်ယောက် ဖုန်းနဲ့ချည်း အဆက်အသွယ်လုပ်နေရတာကြာပြီ။
တစ်ဖက်ကမောင်ကလဲ Taehyungကို သူ့ဆီခဏခဏလာပြီးအပင်ပန်းမခံခိုင်းဘူး။ ဒါပေမဲ့တစ်ခါတစ်လေတော့ မောင်က သိပ်လွမ်းနေရကြောင်း ကလေးတစ်ယောက်သဖွယ် ကောက်တေးလုပ်ကာဂျီကျရင်း လေလှိုင်းကတဆင့်အသိပေးတာတွေလဲရှိသည် ။ အဲ့ဒီ့လိုအချိန်ဆို Kim Taehyungတို့ မောင့်ပါးနှစ်ဖက်ကို ပြေးပြီး ဆွဲဖဲ့ချင်တာပဲ။
Taehyungလဲ မောင့်နည်းတူပါပဲ။ မတွေ့ရတဲ့ရက်တွေကြာလေ အလွမ်းတွေပိုတိုးလာလေဖြစ်တယ်။မောင့်ကိုလဲနှစ်သိမ့်ရင်း သူကိုယ်တိုင်လဲ ဖြေသိမ့်နေရတာပေါ့ ။
___________
“ မောင် ! ”
“ ထယ်! ထယ်ရောက်လာတယ် ! ”
“ အွန်း..ငါမောင့်ကိုတွေ့ချင်လွန်းလို့ ပိတ်ရက်မှာအမြန်ပြေးလာခဲ့တာ ”
Jungkook ဆီမထင်မှတ်ဘဲရောက်လာတဲ့ထယ်ကြောင့် စိတ်တွေအစိုးမရ။ မတွေ့တာကြာပြီး အလွမ်းဒဏ်ကိုပြင်းထန်စွာခံစားနေရတဲ့အချိန် ထယ့်ကိုပြန်တွေ့လိုက်ရတော့ Jungkookမှာ မျက်ရည်ပင်ဝဲရသည်။
သုံးလကျော်လောက်အပြင်မှာမထိတွေ့နိုင်ခဲ့တဲ့ Taehyungကိုယ်လေးကို Jungkookတင်းကြပ်နေအောင်ဖက်ထားမိတယ်။
“ ပင်ပန်းနေမှာပဲ ထယ်ရယ်...ကျွန်တော့်ကြောင့်နဲ့ ထယ်ပင်ပန်းရပြီ..ချစ်တယ် ထယ်”
“ ငါလည်း ချစ်တယ် မောင်~ ”
“ မောင်အရမ်းလွမ်းနေခဲ့တာ.. ”
Taehyungလည်တိုင်ထက် မျက်နှာအပ်ကာပြောလာတဲ့မောင်ကြောင့် မောင့်ကျောပြင်ကိုပုတ်ပေးရင်း Taehyungပြုံးမိပြန်သည်။
နှစ်ယောက်သားအဆောင်ကိုပြန်ရောက်တော့ Kimစုံတွဲက Taehyungကိုမြင်တော့ အံ့ဩသွားကြတယ်။ သူတို့ကိုလည်းမတွေ့တာကြာတော့ Taehyungသတိတော့ရမိသား။
YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanfictionထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...