Unicode-
စာမေးပွဲဖြေတဲ့ နောက်ဆုံးရက်မှာ ကျောင်းသားတွေအားလုံးဆီက ပျော်ရွှင်မှုကြောင့် အော်ဟစ်သံတွေကို ကြားနေရတယ်။
Jeon Jungkookတို့လည်း ပျော်တာပေါ့။ နောက်ဆုံးနေ့မှာ ကောင်းကောင်းဖြေဆိုနိုင်တာရယ် အခုလွတ်လပ်သွားပြီဖြစ်တာကြောင့်ရယ် ပျော်ရွှင်နေမိတာ။
ဟိုနှစ်ယောက်ကို ဝရန်တာမှာစောင့်နေရင်း လမ်းဘက်ကို အကြည့်ရောက်တော့ မြင်ဖူးနေတဲ့ ကျောပြင်လေးကြောင့် အံ့ဩသွားရတယ်။
အဲ့ဒါနဲ့ ခြောက်လှန့်ချင်တာကြောင့် နောက်ကနေဖြည်းဖြည်းချင်း တိုးသွားပြီး လှန့်ဖို့ဆုံးဖြတ်လိုက်တယ်။ အနားလဲရောက်ရော
" ဝါးးး !! "
" အားးးးးးးးးး!!!!!! "
Jungkookဆီမှ အော်သံကကျယ်လောင်စွာထွက်ပေါ်လာတယ်။ တကယ်တမ်းအခြောက်ခံလိုက်ရတာက သူကိုယ်တိုင်ဖြစ်သွားခဲ့တာကိုး။
" လန့်လိုက်တာ ထယ်ရယ်.... "
" အရမ်းလန့်သွားတာလား "
" ဘယ်လိုသိတာလဲ "
" ငါက မောင့်အသက်ရှူသံကအစ မှတ်မိနေတာပါနော် "
" ဟာကွာ...! "
" သိနေတယ်လေ...မောင့်အကြောင်းကို..အဲ့ဒါကြောင့် ငါအရင်မောင့်ကိုလှန့်လိုက်တာ..ဟားဟားး "
" ဟုတ်ပါပြီ... ဘယ်တုန်းကရောက်နေတာလဲ "
" ဒီနေ့ မနက်တင်ပဲ.. "
" အဲ့ဒါကို မောင့်ဆီမလာဘူးနော် "
" Surpriseလုပ်ချင်လို့လေ..နောက်ပြီး စာမေးပွဲဖြေနေတာကို..ဒါနဲ့ ဖြေနိုင်တယ်မလား"
" ဟုတ်! "
ထိုစဉ် Jimin နဲ့Hoseokက အနားရောက်လာပြီး
" ဆရာ! ဘယ်လိုလုပ်ရောက်လာတာလဲ "
" ဟိုကပြန်ရောက်ရောက်ချင်း ဒီကို လာခဲ့တာ"
" ဆရာကတော့နော်..ပြန်လာတာနဲ့ Jeon Jungkookနားမှာပဲ "
" အဲ့လိုလည်းမဟုတ်ပါဘူး..တိုက်ဆိုင်လို့ပါ..ကဲပါ အိမ်ကိုကောင်းကောင်းပြန်ကြ..ဘယ်မှဝင်မနေကြနဲ့နော်..အိမ်ရောက်ပြီးမှသာ ပြန်ထွက်ရင်ထွက်ကြ! "

YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanficထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...