-21-

906 42 16
                                        

Unicode-

" ထယ်!..မောင်ပြောတာနားထောင်ပါဦး..ထယ် ထင်သလိုမဟုတ်ပါဘူး "

ထယ့်လက်ကလေးကိုမလွှတ်ဘဲ အနားကိုတိုးကပ်သွားတယ် ။ မျက်ရည်စတွေကို လက်မလေးနဲ့ဖိသုတ်ပေးပြီး ပါးလေးကိုအုပ်ကိုင်လိုက်တော့ သူ့လက်ကိုဖယ်ချလိုက်တဲ့ သူ့အချစ်ပါလေ။

Jungkook ကထပ်ပြီးပါးလေးကိုကိုင်လိုက်ပြီး

" ထယ် မောင့်ကိုကြည့်..မောင်ရှင်းပြပါရစေဦး"

"....."

" သူမကကျောင်းကစီနီယာပါ ထယ်ထင်သလို မောင်တို့ကအဲ့ဒီ့လိုဆက်ဆံရေးမျိုးမဟုတ်ပါဘူး..မောင့်မှာထယ်တစ်ယောက်တည်းရှိတာ ထယ်သိပါတယ်..အခုက လမ်းကြုံလို့ မောင့်ကိုလာနှုတ်ဆက်တာပါ..ထယ်ယုံအောင် မောင်သူ့ဆီခေါ်သွားပေးမယ်..လိုက်ခဲ့ "

သူခေါ်တော့မငြင်းဘဲ နောက်ကနေကပ်လိုက်လာတဲ့ထယ်ကြောင့် ထယ်မမြင်အောင်ပြုံးမိပါသေးတယ်။

ထယ့်လက်ကိုဆွဲပြီး ဆိုင်ထဲဝင်တော့ စီနီယာမပြန်သေးတာ တော်သေးသည်။

" စီနီယာ ! "

" Jungkook! ပြန်ရောက်လာတာလား..အစ်မကပြန်ပြီထင်နေတာ "

" စီနီယာ့ကိုမိတ်ဆက်ပေးမလို့..ဒါ ကျွန်တော့်ချစ်သူ Kim Taehyungလေ..ခုနက စီနီယာနဲ့ကျွန်တော့်ကိုအထင်လွဲပြီးစိတ်ကောက်သွားလို့ စီနီယာကူပြောပေးပါ "

Eunsooတစ်ယောက် နင်သွားတယ် ။ ရုပ်ရည်ကချောမောပြီးကြည့်ကောင်းတဲ့bodyအချိုးအစားတွေကြောင့် ထိုကောင်လေးကို သူမ အကြိုက်တွေ့သွားတယ် ။ ဒါ့ကြောင့် သူမက Jungkookနဲ့နီးစပ်ဖို့ကြိုးစားနေခဲ့တာ။ သူမက Queenတစ်ယောက်မို့ တခြားယောက်ျားတွေဆိုရင် သူမဘက်ကနည်းနည်းအလေးပေးဆက်ဆံလိုက်တာနဲ့ တကောက်ကောက်ပါလာကြတာဖြစ်သည်။ Jungkookကသူမချဉ်းကပ်တာကိုလွယ်လွယ်လက်ခံပေးမယ်ထင်ခဲ့ပေမဲ့ Jungkookကထင်သလောက်မလွယ်ခဲ့ဘူး။

Taehyung စိုးရိမ်မိပေမဲ့ မောင်ကသူ့ကိုချစ်သူပါဆိုပြီးပွင့်ပွင့်လင်းလင်းမိတ်ဆက်ပေးတာကြောင့် နေသာသွားတယ်။

မြွေမြွေချင်းခြေမြင်ဆိုတဲ့အတိုင်းမောင့်အပေါ်ထိုမိန်းကလေးဘယ်လိုခြေလှမ်းလှမ်းနေလဲဆိုတာ Taehyungကအတပ်သိတယ်။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now