-9-

822 46 38
                                    

Unicode-

" ဆရာလေး!!! ဆရာလေး ကိုသိပ်ချစ်တယ်‌ဗျာ!!!! အေ့ ချစ်တယ် ဆရာလေးရဲ့ !!!!! "

" ဟျောင့်! အော်မနေနဲ့ လမ်းမကြီးမှာ ရှက်စရာကြီး "

" အော်တော့ ဘာဖြစ်လဲကွာ အေ့! ငါ့ပါးစပ်နဲ့ငါအော်တာ အေ့! သူများပါးစပ်နဲ့ငှားအော်နေလို့လား "

" အေးလေကွာ! ငါ့ကုကုလေးက ဆရာလေးကိုချစ်လို့အော်တာလေနော့ အေ့! နော် ကုလေး အဟစ်! "

" အေးပါကွာ လာကြပါတော့ အဲ့ဒါနဲ့အိမ်ရောက်မှာမဟုတ်တော့ဘူး "

ဟုတ်ပါတယ် အခုထိ ဆိုင်ရှေ့ကနေ မခွာကြသေးဘူး။ ဒီနားတင် ဝိုင်းကြီးပတ်ပတ်လှည့်နေကြတာ ။ မူးတာကနှစ်ယောက် ထိန်းရတာကတစ်ယောက်တည်း။ Park Jiminတို့အခက်တွေ့နေတာဖြစ်သည်။

" ဖယ်! မကိုင်နဲ့ ငါ့ဘာသာသွားတတ်တယ် "

Jiminလက်ကိုအတင်းဆွဲဖြုတ်ပစ်ကာ ယိုင်နဲ့နဲ့ထွက်သွားသော Jungkook။ ခြေလှမ်းတောင်မှန်အောင်မလျှောက်နိုင်ဘဲနဲ့ တစ်ယောက်တည်းက သွားဦးမယ် ။ အိမ်မရောက်ခင် မြေကြီးထဲခေါင်းစိုက်နေမှာ မြင်ယောင်တယ် ။

'ဗုန်း!'

" ကြည့်! ပြောရင်းဆိုရင်းနဲ့ကို မျောက်အုန်းသီးရေ!!! "

Jiminက Jungkookကို ထူဖို့ကြိုးစားပေမဲ့လည်း လက်တစ်ဖက်က အမူးသမားတစ်ယောက်ကို ထိန်းထားရသေးတာမို့ မအားလပ်။ နောက်တော့ Jungkookက သူ့ဘာသူ ကြိုးစားပြီးထသည်။

" ဘယ်ကိုသွားဦးမှာလဲ "

" အေ့! အိမ်ပြန်မှာ "

" မင်း ဒီပုံစံနဲ့အိမ်ဘယ်လိုပြန်မတုန်း မင်းအိမ်က မင်းကို အိမ်ဝကနေကို စီးကန်လိမ့်မယ် "

စကားဆုံးတာနဲ့ ချက်ချင်း တစ်နေရာစီကို သွားသော Jungkook။ သူသွားနေတဲ့နေရာက အိမ်ပြန်တဲ့လမ်းကိုပါပဲ ။ အယ်မယ် ကိုယ်တော်ချောက လမ်းတော့လျှောက်နိုင်သေးသားပဲ။ သူမှမလျှောက်နိုင်ရင်လည်း Jiminသေဖို့ပဲရှိတော့မည်။

သူ့လက်ပေါ်က သကောင့်သားက တစ်ကိုယ်လုံးကို သူ့ခန္ဓာကိုယ်ပေါ် မှီချထားတာ ။ လမ်းတောင် သေချာမလျှောက်နိုင်ဘူး ။ တော်ပါပြီ နောက်ဆို ဒီကောင်တွေကို လုံးဝ မတိုက်တော့ဘူး ။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now