-37-

624 31 15
                                    

Unicode-

ရဟတ်ယာဉ်က တဖြည်းဖြည်းအပေါ်တက်သွားတော့ Taehyungက Jungkookရဲ့လက်မောင်းကို ဖက်တွယ်ထားတယ်။ သူအောက်ကိုလုံးဝမကြည့်ရဲဘူး။ တခြားတော့မသိပေမယ့် Taehyungဟာ အမြင့်ကိုတော့ တကယ်ကြောက်ပါတယ်။

တင်းကြပ်နေတဲ့ဖက်တွယ်မှုကြောင့် မောင့်ဆီကရယ်သံတိုးသဲ့သဲ့ကိုကြားသော်လည်း ပြန်ရန်မတွေ့မိ။

" ထယ် ! "

" ဘာလဲ "

" မောင့်ကိုကြည့် ! "

" မကြည့်ဘူး "

" ဟောဗျာ "

Jungkookဟာ ရင်ခွင်ထဲကတစ်ယောက်ကိုကြည့်ပြီး တော်တော်အသည်းယားနေပြီဖြစ်သည်။ သို့သော် အံ့ဩစေချင်လို့ စီစဉ်ထားတဲ့ကိစ္စက သူ့ရဲ့ထယ် အကြောက်လွန်နေတာနဲ့ ပျက်သွားလို့တော့မဖြစ်ဘူးလေ။

Taehyungရဲ့ ပုခုံးကို ဖက်ရင်း ဖြည်းဖြည်းချင်း ခွာကြည့်တယ်။ ကော်ကပ်သလို ကပ်ထားတဲ့ Taehyungကြောင့် Jungkook လမ်းပျောက်နေပြီဖြစ်သည်။ ရဟတ်ယာဉ်ဟာလည်း ဒီနားတင် ပတ်ပြန်နေရသည်မှာ သုံးခေါက်မကတော့။

" မောင်ရှိတယ်လို့ ! ထယ့်အတွက် မောင်စီစဉ်ထားတာရှိတယ်လေ..ထယ် မကြည့်ချင်ဘူးလား"

" ကြည့်ချင်တယ် "

ရင်ခွင်ထဲကနေ ခေါင်းလေးမော့ကာ ပြောလာတော့လည်း အသည်းယားစရာ။

" ထယ် ဘာမှမဖြစ်ဘူး မောင့်ကိုယုံ..မောင်ရှိတယ်"

ကြည်လဲ့နေတဲ့ မျက်ဝန်းတစ်စုံကို အကြင်နာအပြည့်နှင့် စိုက်ကြည့်ကာ ဆိုမိတော့ ခေါင်းကိုဖြည်းညင်းစွာ ညိတ်၏။

အဲ့ဒီ့နောက် Taehyungက Jungkookကိုဖက်ထားလျက် ခေါင်းစောင်းငဲ့ကာ အရင်ကြည့်သည်။ပြီးတော့ Jungkookကို သနားစဖွယ်အကြည့်နဲ့ ပြန်လှည့်ကြည့်လာတယ်။

Jungkookက ခေါင်းညိတ်ပြပြီး Taehyungအနား ပိုမိုနီးကပ်လိုက်တယ်။

" ဟိုကိုကြည့် ! "

မောင် လက်ညိုးညွှန်တဲ့နေရာကို ကြည့်လိုက်တော့ မျက်ဝန်းတစ်စုံဟာ ပုံမှန်ထက် ပိုကျယ်သွားမိတယ်။

ရဟတ်ယာဉ်နှင့် ပေများစွာကွာဝေးသည့် မြေပြင်ပေါ်ရှိ ပန်းခြံတွင်း၌ မြင်တွေ့လိုက်ရသည့် လှပတဲ့အရာတစ်ခု။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now