-32-

695 37 25
                                        

Unicode-

တစ်နေကုန် ထမင်းမစား ဟင်းမစားနဲ့ Bamအနားပဲကပ်နေတဲ့ Yeontan ။
Bamဆိုတာ တခြားမဟုတ် လွန်ခဲ့တဲ့နှစ်ရက်လောက်ကရောက်လာတဲ့ သူတို့ရဲ့မိသားစုဝင်အသစ်လေးပေါ့။ ကျန်းမာရေးဆေးစစ်ချက်မှာ လုံးဝကျန်းမာရေးကောင်းတဲ့ကောင်လေးဖြစ်တာကြောင့် သူတို့တစ်ခါတည်း အိမ်ခေါ်လာခဲ့တယ် ။ မောင်က ထိုခွေးလေးကို Bamဆိုပြီး သူကိုယ်တိုင်နာမည်ပေးထားတာ။Yeontanတို့ကအဖော်တွေ့သွားတော့ ထမင်းမေ့ ဟင်းမေ့။

Jungkookက ကုမ္ပဏီသွားဖို့ပြင်ဆင်နေပြီး Taehyungကလည်း ကျောင်းသွားဖို့အဆင်သင့်ဖြစ်နေပြီ။ Yeontanနဲ့Bamအတွက် အစာခွက်ထဲမှာ အစာနဲ့ရေအပြည့်ဖြည့်ပေးထားခဲ့တယ်။ ဒီတစ်ခါတော့ သူတို့ကို pet houseကိုမပို့ဘဲ ဒီနေ့တစ်ရက်လောက် အိမ်မှာပဲထားခဲ့ကြည့်ဖို့လုပ်ထားတယ်။ နှစ်ကောင်သားအဖော်လည်းဖြစ်တော့ စိတ်ချလို့ရလောက်မယ်ထင်တာပဲ။

" ကောင်းကောင်းနေခဲ့ကြနော် ပါးပါးသွားပြီ ကလေးတို့ "

အဲ့ဒီ့နောက် Taehyungကို ကျောင်းသို့လိုက်ပို့ရင်း Jungkookကကုမ္ပဏီသို့ သွားလေသည်။

_______

" Jungkook shii... ဥက္ကဌကြီးခေါ်ခိုင်းလိုက်လို့ပါ "

Jungkookအလုပ်လုပ်နေတုန်း ဒယ်ဒီ့အတွင်းရေးမှူးကလာခေါ်တာကြောင့် လုပ်လက်စကိုလက်စသတ်ကာ လိုက်သွားရတော့သည်။

ဒေါက်! ဒေါက်!

" ဒယ်ဒီ ခေါ်တယ်ဆို "

" အေးကွ..လာပါဦး "

Jungkook က ဒယ်ဒီ့အနားဝင်ထိုင်လိုက်တယ်။

" ဒယ်ဒီတို့ စက်ရုံဆိုက်ဘက်သွားဖို့ရှိတယ်...ပစ္စည်းqualityသွားစစ်ဆေးဖို့လူလိုတယ် သား...အဲ့ဒါ ဒယ်ဒီ ဝန်ထမ်းနှစ်ယောက်နဲ့အတူ သားကိုပါထည့်လိုက်ချင်တယ်...သား သွားပေးမလား "

" ဘယ်လောက်ကြာမှာတုန်း ဒယ်ဒီရ "

" အများဆုံး သုံးရက်ပါပဲ သိပ်မကြာပါဘူး သုံးရက်ထက်ပိုမကြာနိုင်ဘူး..နောက်ပြီး ငါ့သားအတွေ့အကြုံရအောင်လို့ပါ "

" အဲ့ဒီ့တော့ သားက သားလူနဲ့ခွဲရဦးမှာပေါ့ "

" မင်းကလည်း သုံးရက်တည်းကိုဘယ်လိုဖြစ်နေတာလဲ..မင်းလူကိုလည်း ငါတို့ဘာမှမလုပ်ဘူး.."

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now