-10-

1.2K 52 40
                                        

Unicode-

ဆရာတွေခမျာ ခြေငြိမ်နေတဲ့ သူတို့မျောက်လောင်းက ဘာတွေမွှေထားလဲ ကြိုတွေးရင်း ခေါင်းခြောက်နေလေသည် ။

အဲ့ကောင်လေး ပြဿနာအကြီးကြီးများ ဖြစ်ထားလို့ ငြိမ်နေတာလား......

စာသင်ချိန်တွေမှာလည်း စာကိုသာအာရုံစိုက်နေပုံရတာမို့ တကူးတကပေါ်တင်ကြီးးမေးလို့ကလည်းမဖြစ်ပြန်။

ကျောင်းသားတွေကြားမှာတော့ Jungkookပြောင်းလဲသွားမှုဟာ မဟာဖြစ်ရပ်ကြီးတစ်ခုလို။

ဟိုတခေါက် စာအုပ်သွားပို့တဲ့ကိစ္စနဲ့ပက်သက်ပြီး Jungkookနဲ့အတင်းတွေဆွဲစိခံရတဲ့အတန်းဖော်ကောင်မလေးHaejinမှာ တခြားကျောင်းသားတွေရဲ့ Jungkookကြီးပြောင်းလဲသွားတာ သူမကြောင့်လားဆိုတဲ့မေးခွန်းပေါင်းစုံကို သူမတောင်မသိပါဘဲ ဘူးခံငြင်းနေရရှာသည် ။

ကြာရင် သူမလည်း ရူးတော့မည်ထင်သည်။

သို့သော် တချို့သောဖြစ်ရပ်တွေက အတန်းဖော်တွေအတွက် စဉ်းစားစရာပင်။

စာမေးရင်ပဲဖြစ်ဖြစ် စာအုပ်ငှားကြည့်ရင်ပဲဖြစ်ဖြစ် ဦးတည်ရာက သူမဆီပင်။ယုတ်ဆွအဆုံး Jungkookစကားပြောသည့် မိန်းကလေးမှာလည်း Haejinတစ်ယောက်သာ။တစ်ခါတလေ အိမ်ပြန်ရင်တောင် Jimin နဲ့ Hoseokကိုကျော်ပြီး နှစ်ယောက်အတူပြန်နေကျမို့ သူငယ်ချင်းတွေသာဆိုတယ် လျစ်လျူရှုခံရတာကြာပြီ။

ဒါကြောင့်မို့ သူတို့ရဲ့ထင်မြင်ချက်တွေဟာ Jungkook ရဲ့အမူအရာတွေပေါ်ကြည့်ပြီး အားလုံးကအမှန်လို့ ယူဆလာကြသည်။

ထိုသတင်းဟာ ပြန့်သွားပြီး ကျောင်းသားတွေပါးစပ်ဖျားမှာ အပြောများနေတာမို့ တချို့သော ဆရာမတစ်ယောက်စ နှစ်ယောက်စလောက်က သိနေကြပြီဖြစ်သည်။

ကာယကံရှင်ကြီး ဂဂဂ ကတော့ သူ့လက်ချက်နဲ့ ကျောင်းထဲဘာတွေဗြောင်းဆန်နေပြီလဲဆိုတာ ဘာမှစိတ်မဝင်စားပေ။
______

ကျောင်းတွင်းမှာ ကြားနေရတဲ့သတင်းတွေကို ဘယ်ဘက်နားကဝင် ညာဘက်နားကထွက် မသိချင် မမြင်ချင် မကြားချင်ယောင်‌ဆောင်ပြီး နားပိတ် မျက်စိပိတ်ပြီး နေရတာအဆင်ပြေမနေပေ။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now