-36-

557 32 17
                                    

Unicode-

" မောင်!!!!! "

Taehyung မောင့်ဆီကိုပြေးသွားတော့ မောင်က ထိုင်နေရင်း ခေါင်းကငိုက်စိုက်ကျနေတယ်။ ဒါပေမယ့် Taehyungကိုမြင်တော့ ချက်ချင်းပဲ ခေါင်းပြန်ထောင်လာပြီး မတ်တတ်ရပ်လေသည်။

Taehyungလည်း မောင့်ကိုပြေးဖက်လိုက်မိခြင်းနဲ့အတူ မောင့်ကိုမသိဘဲစွပ်စွဲမိတဲ့အားနာစိတ်ကြောင့် မျက်ရည်တွေပါကျလာသည်။

မောင်ကတော့ Taehyungကို ပြန်လည်ဖက်တွယ်ထားတာများတင်းတင်းကြပ်ကြပ်။

" မောင်! "

" ထယ်!! ထယ်ပြန်လာတာလား..မောင့်ဆီပြန်လာတာလား... တကယ် မောင့်ဆီပြန်လာတာပဲ~ မောင့်ကိုထားမသွားပါနဲ့..မောင်တောင်းပန်ပါတယ်...မောင်ဘာမှမသိပေမယ့် ‌တောင်းပန်ပါတယ်..ဘာမှမသိလို့ ထယ်စိတ်ဆိုးရတဲ့အကြောင်းအရင်းကိုလည်း မသိလို့တောင်းပန်ပါတယ် "

Taehyung မျက်ရည်တွေကြားထဲကရယ်လိုက်မိသည်။ မောင်က ကလေးလေးကျလို့။ ဘာမှမသိဘဲနဲ့လည်း တောင်းပန်နေတယ်။

" ငါမှားသွားတာပါ..ငါ သေချာမစုံစမ်းဘဲ မတည်မပြု‌ဘဲ ဒေါသစိတ်တစ်ခုထဲနဲ့ မင်းကိုစွပ်စွဲခဲ့တာ...ငါကတောင်းပန်ရမှာပါ..ငါမောင့်ကိုတောင်းပန်ပါတယ် "

" ထယ် မောင့်ကိုယုံပေးပါနော်..မောင်တကယ်ကို နောက်တစ်ယောက်ဆိုတာမရှိပါဘူး...မောင့်ကိုယုံပေးပါ...မောင့်ဆီကထွက်မသွားပါနဲ့..မောင် ထယ့်ကိုအရမ်းချစ်တာပါ "

မျက်ရည်တွေကိုသုတ်ဖယ်ပေးပြီး ပါးလေးကိုအုပ်ကိုင်လိုက်သည်။ သူမစဥ်းစား မဆင်ခြင်ဘဲအခုလိုလုပ်ခဲ့တာတောင် မောင်က သူ့ကိုတစ်ချက်အပြစ်မမြင်ခဲ့ဘူး။ မောင်ပြောပြတာကို သေချာနားထောင်ခဲ့ရမှာ။ အဲ့ဒီ့အချိန်တုန်းက သွေးပူပြီး ဘာကိုမှသေချာမခွဲခြားတတ်တော့ဘူး။ တကယ်တမ်း အခုမှပြန်စဉ်းစားမိတာက မောင် သူ့ကိုအလုပ်မှာလို့ရှင်းပြပါတယ် သူကမယုံဘဲလျစ်လျူရှုမိတာ။ ဒီကောင်လေး သူ့ကိုငြီးငွေ့သွားတာလား။ ရိုးသွားလို့ နောက်တစ်ယောက်ရှာတာလား ဆိုတဲ့စိတ်တွေကပဲ ကြီးစိုးနေခဲ့တာ။ ဒါဟာ ကိုယ့်ထက်ငယ်တဲ့သူတွေကို ချစ်မိတဲ့သူတိုင်း ခံစားရတဲ့ စိုးရိမ်ပူပန်မှု။ အဆိုးဆုံးက မောင့်စကားကို သူနား‌မထောင်ပေးခဲ့တဲ့အပြင် မောင့်အပေါ်လက်ပါမိလေခြင်း။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now