-30-

716 38 13
                                    

Unicode-

ကုမ္ပဏီမှာ အလုပ်ဝင်နေပြီဖြစ်တဲ့ Jungkookက အလုပ်သွားရင်းနဲ့ Taehyungကိုလည်း ကျောင်းသို့တစ်ခါတည်းဝင်ပို့ပေးတယ်။

ညဆို တူတူအိပ်ကြပြီး မနက်တိုင်း အတူတူနိုးထခွင့်ရတဲ့အပြင် အခုဆို အတူတူအလုပ်သွားတဲ့အချိန်ပင်တိုးလာခဲ့ပြီ။ Taehyungရဲ့ကျောင်းပြန်ချိန်ကတော့ Jungkookရဲ့အလုပ်ဆင်းချိန်ထက်စောတာကြောင့် ကိုယ့်ဘာသာပဲပြန်ဖြစ်သည်။

Taehyungက မောင့်နှုတ်ခမ်းထက် အနမ်းပေးလိုက်ပြီး နှုတ်ဆက်ကာ ကျောင်းထဲဝင်သွားတယ်။

" မျက်နှာကြီး ပြုံးဖြီးနေပါရောလား... Taehyung shii...ငါသတင်းတွေကြားတယ်နော်"

Bogum ကပြောတော့ Taehyung လည်းရှက်ရမ်းရမ်းတော့သည်။ သူပျော်နေတာ အဲ့ဒီ့လောက်ထိသိသာနေတာလား။

" ငါ Jungkookမွေးနေ့မလာလိုက်ရလို့ အားနာပါတယ်ကွာ...ငါ နယ်ရောက်နေလို့ ငါ့တပည့်လေးမွေးနေ့တောင် မမီလိုက်ဘူး "

" ရပါတယ်..ငါပြောပေးပါ့မယ် "

" စေ့စပ်ပွဲရော...အဆင်ပြေပြေနဲ့ ပြီးသွားတယ်မလား "

" အင်း.. "

" ငါလည်း မင်းတို့စေ့စပ်ပွဲကိုမှ လွတ်သွားရတယ်လို့...မင်္ဂလာဆောင်ကိုတော့ ရအောင်တက်ရမယ် "

Taehyung လည်း Bogumကို ခေါင်းညိတ်ပြလိုက်တယ်။ပြီးနောက် အချိန်ဇယားတွေပြန်ကြည့်နေတဲ့အချိန် တခြားဆရာတွေပါရောက်လာကြသည်။

" ဆရာKim..ဆရာPark..Good Morning"

" morningပါ... "

" ဆရာKim.. "

" ဗျာ "

" ကျွန်မလေ သတင်းတစ်ခုကြားခဲ့တယ် အဲ့ဒါအမှန်ပဲလားဟင် "

" ဘာသတင်းတုန်းဗျ "

" ဟိုလေ..ဆရာKim မှာစေ့စပ်ထားတဲ့သူရှိတယ်ဆို "

" ဗျာ!! "

ဆရာမတစ်ယောက်ရဲ့အပြောကြောင့် အားလုံးက Taehyungကိုကြည့်လာကြတယ်။

" တကယ်ကြီးလား ဆရာKim "

" အဲ့..အဲ့ဒါက "

Taehyung Bogumကိုကြည့်လိုက်တယ်။ ဆရာတွေကြားထဲမှာတော့ TaehyungကJungkookနဲ့တွဲနေတယ်ဆိုတာ Bogumကလွဲလို့ဘယ်သူမှမသိပေ။အခု သူ စေ့စပ်ထားတဲ့သူဟာ တစ်ချိန်ကသူတို့ရဲ့တပည့်ဖြစ်ခဲ့တဲ့ Jungkookမှန်းသာသိရင် အကုန်ရှော့ခ်ရသွားကြမှာ။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now