-22-

806 35 13
                                    

Unicode-

ညရောက်တော့ Jungkookတို့က လေးယောက်ခန်းဖြစ်တာကြောင့် Taehyungအိပ်ဖို့တစ်နေရာရှိသည်။ သို့သော် ပြောမရဆိုမရ ဂွကျလွန်းတဲ့ မောင်က သူ့အိပ်ရာကနေမလွှတ်တော့။

" Jeon Jungkook! ငါတို့တောင် တူတူမအိပ်ဘူး..မင်းကအရမ်းသဲကဲနေတော့တာပဲ"

Namjoon ကပြောလာတော့ Jungkookကတစ်ချက်သာကြည့်ပြီး

" ကျွန်တော်က ချစ်တာကိုး..hyungသာ Seokjin hyungကြောင့် အိပ်ချင်ရင်တောင်မအိပ်ရဘူးမှတ်လား.. "

" ဘာကွ! "

" ဟဲဟဲ! သူများကို မနာလိုမဖြစ်ရအောင် ကိုယ့်ကောင်လေးကိုသာ ချစ်နိုင်သလောက်ချစ်ပေးလိုက်ပါ... "

" Ya!!! Jeon Jungkook!...Jinတွေ့လား ကိုယ့်ကို ပြောနေပြီ.. "

အပေါ်ကုတင်ကနေ အောက်ကုတင်ကို ငုံ့ကြည့်ပြီးတိုင်တောနေတဲ့ Namjoon ။ Seokjin ကကြိုသိနေသလို Namjoonမပြောခင်ကတည်းက စောင်ကိုခေါင်းမြီးခြုံထားပြီ။

Namjoonမျက်နှာကြီး စူပုတ်သွားတာကို Jungkookက ပြောင်ပြနေသေးတာ‌ကြောင့် Taehyungမှာ မနည်းတားယူရတယ်။

" တော်ပါတော့ မောင်ရယ်! "

" အိပ်ကြမယ် အိပ်ကြမယ် "

Jungkookက Namjoon hyungပွစိပွစိပြောနေတာကိုမသိချင်ယောင်ဆောင်ပြီး ထယ့်ကိုဖက်ကာလှဲအိပ်လိုက်တော့တယ်။

နေရာကျဉ်းကျဉ်းလေးကို ကပ်သပ်ပြီးအိပ်နေတော့ Taehyungက သိပ်မဟန်ချင်။ ဒါပေမဲ့ မောင်စိတ်ချမ်းသာရင်ပြီးတာပဲဆိုပြီးတော့သာ မောင့်ခါးကိုတင်းနေအောင်ဖက်ထားလိုက်တယ် ။ မောင်ကတော့ ပျော်နေတဲ့ပုံ မျက်နှာကပြုံးဖြီးနေတော့တာပဲ။

Taehyung က မောင့်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း အိပ်မက်ကမ္ဘာထဲအလည်ရောက်သွားတော့သည်။

မနက်ရောက်တော့ Jungkookမနိုးခင် Taehyungအရင်နိုးနေတယ် ။ ညကတည်းက သူ့ကိုဖက်အိပ်တဲ့ Jungkookက မနက်ရောက်တဲ့အထိ ဖက်ထားတဲ့လက်တွေ ပြေလျော့မနေခဲ့ဘူး။

ရင်ခွင်ထဲ တည့်တည့်မတ်မတ်ရောက်နေတဲ့ Taehyung က သူမြင်နေရတဲ့ Jungkookရဲ့မေးဖျားလေးကို မော့နမ်းတယ် ။ သူ့ကောင်လေးရဲ့ ကိုယ်သင်းရနံ့ကို Taehyungသိပ်သဘောကျတာပဲ။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now